မိုဘိုင်းဖုန်းရှိ အချက်အလက္များ ပြန်ဖော်နိုင်သော ကရိယာများကို ကနေဒါက စစ်အာဏာမသိမ်းမှီ မြန်မာသို့ ရောင်းချခဲ့၊ ယခုအခါ စစ်တပ်လက်ထဲရောက်ရှိ၍ စိုးရိမ်ရ

ကနေဒါကုမ္ပဏီ ၂ ခုက မြန်မာအာဏာပိုင်များသို့ ရောင်းချခဲ့တဲ့ ဒစ်ဂျစ်တယ်စက်ကရိယာတွေဟာ ကွန် ပျူ တာများနှင့် ဆဲလ်ဖုန်းထဲမှာရှိတဲ့ သတင်းအချက်အလက်တွေကို ဖော်ထုတ်ရယူနိုင်သလို၊ ကုတ် စနစ် သုံးအီလက်ထရောနစ်ဝှက်စာများကိုလည်း ဖော်ထုတ်နိုင်တဲ့ စွမ်းဆောင်ရည်များပါဝင်တယ်လို့ ဆို ပါတယ်။ 

 

 

မြန်မာအာဏာသိမ်းစစ်တပ်ဟာ အတိုက်အခံတွေကို ထောက်လှမ်းတဲ့နေရာမှာ ဒီလို‌ကရိယာတွေ အသုံး ပြု နေတယ်ဆိုတဲ့အပေါ် စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။

 

OpenText နှင့် Magnet Forensics ကုမ္ပဏီနှစ်ခုစလုံးကတော့ ဒီပစ္စည်းကိရိယာတွေကို စစ်အာဏာ မသိမ်းမီ ယခုနှစ်အစောပိုင်းကာလကပင် မြန်မာနိုင်ငံသို့ ရောင်းချခဲ့ကြောင်းနဲ့ ထပ်မံ ရောင်းချ တာတွေ မရှိ တော့ကြောင်း ဆိုပါတယ်။

 

ဒါပေမဲ့ ကုမ္ပဏီရဲ့ ရှေ့ကရောင်းချခဲ့မှုတွေဟာလည်း မြန်မာစစ်တပ်နှင့် တိုက်ရိုက် အရောင်း အဝယ် လုပ် ခဲ့တာ ဖြစ်တာကြောင့် ကနေဒါနိုင်ငံကချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်ရာလည်း ရောက် နေတာဖြစ်ပါတယ်။

 

ဒီကရိယာတွေဟာ ကွန်ပြူတာနဲ့ မိုဘိုင်းဖုန်းကဲ့သို့သော ဒစ်ဂျစ်တယ်စက်ပစ္စည်းများထဲက သတင်း အချက် အလက်တွေ(ဖျက်ပြီးသား အချက်အလက်များကိုပင်) ကိုပြန်လည်ရယူနိုင်ပြီး၊ လက်ရှိမှာတော့ အဲဒီလိုမျိုးအချက်အလက်တွေဟာ အရပ်သားအစိုးရကို ဖယ်ရှားပစ်ခဲ့သော စစ်အုပ်စုရဲ့လက်ဝယ်သို့ ရောက်ရှိသွားနိုင်တာလည်းဖြစ်ပါတယ်။

 

လူ့အခွင့်အရေးသမားလှုပ်ရှားသူတွေကတော့ ဒီလိုပစ္စည်းကိရိယာတွေကို မြန်မာသို့ ရောင်းချခဲ့ခြင်းဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ ပြည်သူတွေအပေါ်စောင့်ကြည့်ဖို့နဲ့ နှောက့်ယှက်ဖို့တွေ လုပ်နေတဲ့ မြန်မာစစ်အာဏာပိုင်တွေကို အနောက်အုပ်စုနိုင်ငံတွေရဲ့ နည်းပညာတွေနဲ့ စွမ်းဆောင် ရည်မြှင့် တင်ပေးလိုက်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေရဲ့ဖုန်းတွေကို စစ်ဆေးတာတွေနဲ့ စစ်အုပ်စုကို ဆန့်ကျင်တဲ့အကြောင်းအရာများကို ရှာဖွေတာတွေကို ပုံမှန်လုပ်ဆောင်နေကြောင်း စစ်အုပ်စုကိုဆန့်ကျင်နေသူတွေက ဆိုပါတယ်။

Justice For Myanmar မှရရှိတဲ့အချက်အလက်တွေအပေါ် Lighthouse Reports နဲ့ Organized Crime and Corruption Project အဖွဲ့တွေက ထပ်မံလေ့လာဆန်းစစ်ချက်များအရ မြန်မာနိုင်ငံ ပို့ဆောင် ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပစ္စည်းများနှင့် အချက်အလက်များ ထိန်းသိမ်းခြင်းတွေအတွက် ဒီဂျစ်တယ်မှုခင်းဆိုင်ရာဓာတ်ခွဲခန်းတစ်ခုစာ ပစ္စည်းကိရိယာများ ဝယ်ယူခဲ့ကြောင်း တွေ့ရပါတယ်။

 

ဒီလိုဝယ်ယူမှုတွေထဲမှာ Magnet Forensics မှ ထုတ်လုပ်တဲ့ Magnet AXIOM နှင့် Magnet AXIOM Cloud တို့အပြင် Open Text မှ ထုတ်လုပ်တဲ့ EnCase Forensic V8 နှင့် EnCase Mobile Investigator တွေ ပါဝင် နေပါတယ်။

 

အဆိုပါကရိယာတွေဟာ အလွန်အစွမ်းထက်ပြီး ဒစ်ဂျစ်တယ်ပစ္စည်းအချင်းချင်း သတင်းစကား ဝှက်စာ များကို ဖော်ထုတ်နိုင်ခြင်း၊ ဖျက်ဆီးပြီးသား အချက်အလက်များကို ပြန်လည်ရယူနိုင်ခြင်း၊ စကားဝှက်များကို ဖောက်နိုင်ခြင်းနှင့် အွန်လိုင်းပေါ်တွင်စုစည်းထိမ်းသိမ်းထားသောမှတ်တမ်းများ၊ လူမှု မီဒီယာ အကောင့်များကို ဝင်ရောက်နိုင်ခြင်း အစရှိတဲ့ ဆောင်ရွက်နိုင်စွမ်းတွေကို စစ်အာဏာပိုင်တွေက ရရှိနိုင်တာလည်းဖြစ်ပါတယ်။

 

“ဖုန်းကို သိမ်းဆည်းခြင်းက မြန်မာမှာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ” လို့ ဒီမိုကရေစီအရေးအတွက် စည်းရုံး လုပ် ဆောင်နေတဲ့ The All Arakan Students’ & Youths’ Congress ၏ အထွေထွေအတွင်ရေးမှုး ကိုတင်ဦးက ပြောပါတယ်။

“ဖုန်းကိုသိမ်းဆည်းပြီးရင်တော့ သူတို့ဖမ်းထားသူတွေရဲ့ဖုန်းထဲက အချက်အလက်တွေအားလုံးကို စစ် ဆေး ပါတယ်။ သူတို့ဟာ စစ်ဆေးရေးဂိတ်တွေမှာရှိတဲ့ ကားနဲ့ဘတ်စ်ကားပေါ်က လူတွေ ရဲ့ဖုန်း ကို တောင် မချန် စစ်ပါတယ်။ သူတို့က မက်ဆင်ဂျာ၊ Viber နဲ့ ဖေ့ဘုတ်စ် အခြေအနေတွေကို အဓိက စစ် တယ် လို့လည်း ဆိုပါတယ်။ အထူးသဖြင့် အာဏာပိုင်တွေဟာ “သူတို့ကို ဆန့်ကျင်တယ်” လို့ ယူဆရတဲ့ မည်သည့် အကြောင်းမျိုးမဆို ရှာဖွေကြတာပါ။

 

ထုတ်ပြန်ကြေငြာချက်များအရ ကနေဒါကုမ္ပဏီတွေက ၎င်းတို့ရဲ့နည်းပညာတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းယူမှုမတိုင်ခင်ကထဲက မြန်မာအစိုးရသို့ရောင်းချခဲ့တာ ပြောကြား ခဲ့ပါတယ်။

 

“အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအစိုးရနဲ့ ဆက်ဆံရေးအားလုံးကို ကျွန်တော်တို့ရပ်ခဲ့ပြီး ဘာထောက် ပံ့မှု မှ မပေးသလို၊ ထုတ်ကုန်တွေအပေါ်မှာလည်း update ထပ်မလုပ်ပေးခဲ့ဘူး” လို့ Open Text ရဲ့ အ သင်း အဖွဲ့ ဆက်သွယ်ရေး ဒုဥက္ကဌ Chris Plunkett ကပြောပါတယ်။ “ကုမ္ပဏီအနေနဲ့ ကနေဒါ စီး ပွားရေး ပိတ်ဆို့အရေးယူမှုတွေကို အပြည့်အဝလိုက်နာဆောင်ရွက်နေတယ်”လို့ သူကဆက် ပြောပါ တယ်။

 

ဒါ့အပြင်“မြန်မာနိုင်ငံအပေါ် စောင့်ကြည့်မှုတွေကို တိုးမြှင့်ခဲ့ပါတယ်။ လူ့အခွင့်အရေးအခြေအနေများ ဆိုးဝါးလာတာကြောင့် ၂၀၂၀ ခုနှစ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနိုင်ငံတွင်းအသုံးပြုနေတဲ့ ဆော့ဖ်ဝဲ လိုင် စင်ကို သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့ပြီး၊ ဆက်လက်ပြီးတော့လည်း မည်သည့်ရောင်းမှုမျိုးမဆို ကန့် သတ် ဖို့ ဆုံးဖြတ်ထားပါတယ်” လို့ Magnet Forensics ကုမ္ပဏီကလည်း ပြောပါသည်။

 

မြန်မာနိုင်ငံ၏ဘက်ဂျက်စာရွက်စာတမ်းများအပေါ် Lighthouse Reports အဖွဲ့ရဲ့ လေ့လာ ဆန်းစစ် ချက်များအရ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံများရှိနည်းပညာအဖွဲ့အစည်းပေါင်း ၄၀ မှ ဒစ်ဂျစ် တယ် မှုခင်းဆိုင်ရာနည်းပညာနှင့် နောက်ယောင်ခံနည်းပညာများကို ဝယ်ယူထားကြောင်း တွေ့ရပါတယ်။

 

“ဘယ်နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေမဆို မြန်မာနိုင်ငံကို စစ်လက်နက်စ္စည်းများနဲ့ စစ်ဘက်-အရပ် ဘက် နှစ်မျိုးသုံးပစ္စည်းတွေ ပေးပို့ထောက်ပံ့နေခြင်းတွေဟာ စစ်တပ်ရဲ့ ပြည်သူတွေအပေါ် တုန်လှုပ် ဖွယ်ချောက်ချားဖွယ် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်နေမှုတွေအတွက် ကြံရာပါဖြစ်လာလိမ့်မယ် လို့ JFM က အဖွဲ့၏ထုတ်ပြန်ချက်တွင် ဗြောင်ကျကျ ပြောဆိုဝေဖန်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံတွင်းရှိ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သူများကတော့ ကနေဒါနှင့်အခြားနိုင်ငံများမှ ခေတ်မှီ ဆန်းပြားတဲ့နည်းပညာတွေကို စစ်အစိုးအနေနဲ့ ဘယ်လိုအသုံးပြုလာနိုင်မှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါ တယ်။

 

ကမ္ဘာတစ်ဝှမ်းရှိ အရပ်ဘက်အဖွဲ့အစည်းများအတွက် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာအထောက်အကူပြု ဆက်သွယ်ရေးလိုင်းဖြစ်တဲ့ Access Now ကို မကြာခဏတောင်းဆိုတဲ့ တောင်းဆိုချက်တစ်ခုကတော့ စစ်တပ်ဟာ နိုင်ငံသားတွေရဲ့အကောင့်ကို ဖောက်ထွင်းယူဖို့ ကြိုးစား နေတယ် ဆိုတဲ့ အကြောင်းပဲဖြစ်တယ်”လို့ အဖွဲ့တစ်ခုရဲ့ ကမ္ဘာ့ဆိုက်ဘာလုံခြုံရေးဦးဆောင်သူ Raman Jit Singh Chima.က ပြောကြားသည်။

 

“အခုအချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ နောက်ယောင်ခံစုံစမ်းမှုတွေအတွက် ပိုမိုကြီးမားကျယ်ပြန့်တဲ့ အဆင့်တစ်ခုအနေနဲ့ လူတွေရဲ့ ဆက်သွယ်မှုတွေကို တတ်နိုင်သလောက် ကြားဖြတ်နားထောင်ဖို့၊ ခြေရာ ခံဖို့ ၊ စောင့်ကြည့်ဖို့အတွက် အတော့ကိုအားစိုက်ထုတ်နေတယ်” အထူးသဖြင့် သူတို့တွေဟာ “သူတို့ ကိုဝေဖန်မယ့်သူနဲ့ တော်လှန်နိုင်ခြေရှိတဲ့သူတွေကို ပစ်မှတ်ထားတယ်” ဟု သူကပြောပါတယ်။

 

“လွန်ခဲ့တဲ့နှစ်တွေမှာကတည်းက မြန်မာနိုင်ငံကို ဒီပစ္စည်းတွေရောင်းချနေတာက ပြဿနာ ရှိနိုင်တယ် ဆိုတဲ့အချက်က ပိုပြီး ရှင်းလင်းလာပါတယ်” ဟု သူကဆက်လက်ပြောခဲ့ပြီး၊ အာဏာသိမ်းမှု မတိုင်ခင်အစောပိုင်းကပင် အရင်အစိုးရက ၎င်းရဲ့အတိုက်အခံတွေနဲ့ သတင်းသမားတွေအပေါ် နှိမ်နင်းခဲ့ပုံတွေကို ထောက်ပြပါတယ်။

 

ဒီလိုလူ့အခွင့်အရေးချိုးဖောက်တဲ့နေရာတွေမှာသုံးတဲ့ အဆင့်မြင့် ထောက်လှမ်းရေး နည်းပညာ နဲ့ ကရိယာ တွေကို ယခင်NLD အစိုးရလက်ထက်မှာကထဲက ဝယ်ယူခဲ့တဲ့အပေါ်ကို ၄င်းက ယခုကဲ့သို့ ထောက် ပြ ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါတယ်။

 

“မြန်မာနိုင်ငံကို နည်းပညာရောင်းစားခဲ့တဲ့ ဘယ်ကုမ္ပဏီမဆို အဲ့ဒီအချိန်မှာကတည်းက သိသင့်တာက သူတို့ ဟာ ဘယ်လောက် ရှုပ်ထွေးပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့ဝန်းကျင်တစ်ခုမှာ ဝင်ရောက် ပတ် သက် နေပြီးဖြစ်တယ် ဆိုတာပါပဲ”လို့ သူကဆက်ပြောခဲ့ပါသေးတယ်။

 

လက်ရှိမှာတော့ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချခဲ့တဲ့ကုမ္ပဏီတွေဟာ ပြင်းထန်တဲ့ ဝေဖန်မှု တွေနဲ့ရင်ဆိုင်နေရပြီး၊ လက်ရှိအကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးဆက်ဆံမှုတွေဆက်မလုပ်ဖို့ ဖိအားပေး တောင်းဆို တာတွေခံနေရပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းရောင်းချတာတွေအပေါ် တားဆီး ပိတ်ပင် အရေးယူမှု တွေပြုလုပ်နိုင်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွေ လုပ်ဆောင်နေချိန်လည်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *