တရုတ်၏ ရန်လိုသောမူဝါဒများကို အခိုင်အမာတုံ့ပြန်သွားရန် နေတိုးမဟာမိတ်အုပ်စု၏ ထိပ်သီးအစည်းအဝေးတွင် သမ္မတဘိုင်ဒင် တိုက်တွန်း
တရုတ်၏ ရန်လိုသော မူဝါဒများကြောင့် ဖြစ်ပေါ်လာသည့် မှုများကို အတူလက်တွဲ ရင်ဆိုင်သွားမည်ဟု နေတိုးမဟာမိတ်အုပ်စု ခေါင်းဆောင်များက ဇွန်၁၄ ရက်တွင် ကတိပြုခဲ့ကာ နိုင်ငံတကာ ဥပဒေများကို မထီမဲ့မြင်ပြုနေမှုအတွက်လည်း ရုရှားကို သတိပေးခဲ့သည်။
နေတိုး ထိပ်သီးအစည်းအဝေးသို့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့သည့် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်ကလည်းတရုတ်၏ အာဏာရှင်စနစ်နှင့် စစ်ရေးအင်အား ကြီးထွားလာမှုအပေါ် ကြံ့ကြံ့ခံ ရင်ဆိုင်သွားရန် နေတိုးခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။