စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ရှိလာသည့်အတွက် KNDF က ထိုးစစ်များကို ယာယီရပ်ဆိုင်းမည်

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အနေဖြင့် မြန်မာလူထုလိုလားသော ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်သွားရန်ဆုံးဖြတ်ထားသော်လည်း လက်ရှိတွင် ကရင်နီပြည်ရှိ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ထိရှိလာသည့်အတွက် တိုက်ပွဲများ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း KNDF က ယနေ့ ဇွန်လ ၁၅ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

ကြေညာချက်တွင် KNDF နှင့် စစ်ကောင်စီတပ်များအကြားတိုက်ပွဲများကြောင့် မြို့ရွာများစွာ ထိခိုက်ပျက်စီးသည့်အပြင် စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော် ဖြစ်နေကြောင်းနှင့် ထိုအခြေအနေအရပ်ရပ်ကြောင့် ဒေသတွင်းရှိငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များမှ နှစ်ဘက်တိုက်ပွဲများ ယာယီရပ်ဆိုင်းစေလိုကြောင်းKNDF အနေဖြင့် ထိုသို့ ဘာသာရေးခေါင်းဆောင်များမှ နှစ်ဖက်တိုက်ပွဲများ ယာယီရပ်ဆိုင်းထားရန် စီစဉ်ဆောင်ရွက်မှုကို လက်သင့်ခံ၍ ထိုးစစ်များကို ယာယီရပ်ဆိုင်းမည်ထားမည်ဖြစ်ကြောင်း

သို့ရာတွင် KNDF တပ်ဖွဲ့များမှာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား ဆန့်ကျင်တော်လှန်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအား စည်းလုံးညီညွတ်မှု၊ ပြင်ဆင်မှုနှင့် လုံခြုံရေးသတိရှိကြရန် သတိပေးနှိုးဆောကြောင်း KNDF သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *