အကြမ်းဖက်စစ်အုပ်စုကို ရရာလက်နက်ကိုင်စွဲတိုက်ပွဲဝင်တာဟာ အကြမ်းဖက်မှုမဟုတ်

စစ်အုပ်စုကို ရရာ…က်ကိုင်စွဲတိုက်ပွဲဝင်တာဟာ အကြမ်းဖက်မှုမဟုတ်ကြောင်းနှင့် တရားသောစစ်သာဖြစ်ပြီးလက်နက်မဲ့ပြည်သူကို လက်နက်အားကိုးနဲ့ လက်လွတ်စပယ် အကြမ်းဖက် ….ခြင်းကသာ အကြမ်းဖက်မှုဖြစ်ဟုအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

အခုတလော စစ်ကောင်စီက NUGဝန်ကြီးတွေကို အကြမ်းဖက်သမားလို့ ကျယ်ကျယ်လောင်လောင် တံဆိပ်ကပ်လာတာတွေ့ရတယ်။

ဘယ်သူအကြမ်းဖက်သမားလဲ ဆိုတာသိဖို့ အကြမ်းဖက်မှုဆိုတာ ဘာလဲ အရင် စဥ်းစားကြည့်ဖို့ လိုပါတယ်။

…က်မဲ့ ပြည်သူကို လက်နက်အားကိုးနဲ့ လက်လွတ်စပယ် အကြမ်းဖက် သတ်ဖြတ်ခြင်းကသာလျှင်အကြမ်းဖက်မှု ဖြစ်ပါတယ်လို့ ၎င်းက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပြည်သူကို အသိပေးပြောကြားလိုက်ပါတယ်။

ဆက်လက်ပြီး ဦးရည်မွန်ကတရားဝင် ပြည်သူ့အစိုးရဆီက အဓမ္မ အာဏာ လုယက်ပြီး တိုင်းရင်းသားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်နေတဲ့ စစ်ကောင်စီကို ရရာလက်နက်ကိုင်စွဲပြီး တိုက်ပွဲဝင်တာဟာအကြမ်းဖက်မှု မဟုတ်၊တရားသောစစ် ဖြစ်ပါတယ်။ဘယ်သူ အကြမ်းဖက်သမားလဲ ဆိုတာ ပြည်သူက ဆုံးဖြတ်ပါလိမ့်မယ်၊သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ်လို့ အသိပေးရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *