G 7 အစည်းအဝေးရလာဒ်က အကျိုးရှိသော်လည်း ပိုမိုထိရောက်မှုရှိရန် လိုဟု ဒုသမ္မတ ဒူဝါလရှီလ ပြော

G 7 အစည်းအဝေးရလာဒ်က အကျိုးရှိသော်လည်း ပိုမိုထိရောက်မှုရှိရန် လိုဟု ဒုသမ္မတ ဒူဝါလရှီလ ပြော

ချင်းမိုင် ၊ ဇွန် ၁၅

ဗြိတိန်နိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ G 7 အစည်းအဝေး မှာ မြန်မာအရေးနဲ့ပတ်သက်ပြီး ရလာဒ်ထွက်ခဲ့တာက အကျိုးရှိပေမယ့် ပိုမိုထိရောက်မှုရှိဖို့လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဒုတိယ သမ္မတ ဒူဝါလရှီလက ဒီနေ့ ပြုလုပ်တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။

” ကမ္ဘာ့ထိပ်သီးနိုင်ငံများအစည်းအဝေးတွင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်တွင် အာဏာသိမ်းမှုကို အပြင်းအထန်ကန့်ကွက်ကြသည့်အပေါ် အသိအမှတ်ပြုကြောင်းနှင့် ယခုဆုံးဖြတ်ချက်များသည်လည်း သံတမန်နည်းလမ်းအရ သာ ဦးစားပေးခဲ့သည်ကိုတွေ့ရပြီး ယခုထက်ပိုမိုအားကောင်းလာရန် ထိပ်သီး နိုင်ငံများကို ချည်းကပ်ရမည် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုတွေအပိုင်းမှာ ပိုမို အားကောင်းလာတာ ကိုတွေ့ရကြောင်း၊ တော်လှန်ရေးအတွက် ပြည်သူတွေက ညီညီညွတ်ညွတ်ကြိုးစားနေကြသလို အစိုးရအဖွဲ့အနေနဲ့ လည်း ညီညွတ်တဲ့အစိုးရဖြစ်ဖို့ပိုမို အားစိုက်ဖို့လိုတယ်လို့ ” ဒုတိယ သမ္မတ ဒူဝါလရှီလက ဆိုပါတယ်။

ပြီးခဲ့တဲ့ G 7 ထိပ်သီးအစည်းအဝေးမှာ မြန်မာအရေးနဲ့ပတ်သက်ပြီးစ်ကောင်စီကို အချက် ၅ချက် ထုတ်ပြန်တောင်းဆိုခဲ့ပြီး အဲဒီထဲမှာ စစ်တပ်ကို လက်နက်မရောင်းချဖို့နဲ့ဖွံ့ဖြိုးရေးအကူအညီတွေရပ်ဆိုင်းဖို့တွေပါဝင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *