စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးတွင် ပြည်သူများကို အကုန်ချပြ၍ မရသေးတာတွေရှိနေဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးတွင် ပြည်သူများကို အကုန်ချပြ၍ မရသေးတာတွေရှိနေဟု NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော


အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေနဲ့စ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးမှာ ပြည်သူတွေကို အကုန်ချပြလို့မရသေးတာတွေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ကဒီနေ့အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။

” တချို့ကိစ္စများတွင် NUG အနေဖြင့်  စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်နေတာတွေရှိသော်လည်း ပြည်သူများကို အကုန်ချပြ၍ မရသေးတာတွေရှိနေ တာကြောင့်  ပြည်သူများဘက်ကကြည့်လျှင်အားမလိုအားမရဖြစ်နေတာများကိုလည်းတွေ့ရကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူများအတွက် စာနာထောက်ထားမှုအကူအညီများ ကူညီထောက်ပံ့ ခြင်းကိုပင် ဖျက်လိုဖျက်စီးလုပ်ရပ်များဟာလွန်းလှကြောင်းကို ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိုးဗြဲမြို့နယ်ဖြစ်စဉ်တွင် တွေ့နိုင်ကြောင်း၊ ဒီလိုကိစ္စရပ်တွေ အတွက်သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံတကာကပါ သိအောင် ဆောင်ရွက်ပေးဖို့တိုက်တွန်းကြောင်း” ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။

လာမယ့် ဇွန် ၁၆ရက်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့တည်ထောင်တာ ၂လပြည့်ခဲ့ပြီး  ပြည်သူများ နေ့စဉ်ခံစားနေရတဲ့ဒုက္ခများက ကြီးမားလွန်းတာကြောင့် အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်ချက်တွေကို အခုထက် မြန်မြန်ဆန်ဆန် ရလဒ်များထွက်အောင်လုပ်ဆောင်ရမယ်လို့တိုက်တွန်းပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published.