အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ၏ အုပ်ချုပ်ရေးအဖွဲ့ (Governing Body ) ၂၀၂၁-၂၀၂၄ ခုနှစ် သက်တမ်းအတွက် Deputy Member အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့လက်ထောက်ထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး ကို အလုပ်သမားအစုအဖွဲ့ ကိုယ်စားလှယ်အနေဖြင့် ရွေးချယ်ခြင်းခံရတယ်လို့ CTUM ကထုတ်ပြန်ပါတယ်။
CTUM အနေနဲ့စ်အုပ်စု ကိုယ်စားလှယ်ကိုမရွေးချယ်ဖို့ ILO ကိုတင်ပြထားပြီးနောက်အခုလို CTUM ရဲ့လက်ထောက်ထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး ကိုILOက ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
CTUM ရဲ့ လက်ထောက်ထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုး ဟာလက်ရှိ မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိရေးနှင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသူ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ၏ ၁၀၉ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ (International Labour Conference – ILC) ကို ၂၀၂၁ ခုနှစ် မေလ (၂၈) ရက်နေ့မှ ဇွန်လ (၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်နေခြင်းဖြစ်ပါသည်။