ရခိုင်တွင် ကလေးသူငယ်များအပေါ် အဓမ္မကျုးလွန်မှုမြင့်လာ

DMG | ဇွန် ၁၅

ရခိုင်ပြည်တွင် ကလေးသူငယ်များအပါအဝင် အမျိုးသမီးများအပေါ် အဓမ္မပြုမှုဖြစ်စဉ်များ မြင့်တက်လာနေကြောင်း Legal Clinic Myanmar (ရခိုင်) အဖွဲ့၏ စစ်တမ်းများအရ သိရသည်။


ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က အဓမ္မပြုကျင့်မှု မှု၊ ၂၀၁၉ ခုနှစ်တွင် မှု၊ ၂၀၂၀ ခုနှစ်တွင် ၂၀ မှုနှင့် ၂၀၂၁ ခုနှစ်ဇွန်လအထိ မှုရှိခဲ့ကြောင်း Legal Clinic Myanmar ရခိုင်ပြည်ရုံးခွဲမှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာကDMG သို့ ပြောသည်။

ကျွန်မတို့ဆီကို ရောက်လာတဲ့ အမှုတွေအရ ဒီကိစ္စတွေက အဖြစ်များ လာတယ်လို့ ပြောလို့ရတယ်။ ဒီလိုအဖြစ်များလာတဲ့အထဲမှာမှ ကလေးသူငယ်တွေကို အဓမ္မပြုကျင့်မှုတွေက ရာခိုင်နှုန်းအားဖြင့် ပိုများလာတာကို တွေ့ရတယ်။ဟု သူမကဆိုသည်။

ကလေးသူငယ်များမှာ ချဉ်းကပ်ရလွယ်ကူခြင်း၊ ရခိုင်ပြည်၏အခြေအနေအရ စစ်ဘေးရှောင်စခန်းများတွင်နေထိုင်ရသည့်အတွက် လုံခြုံမှုအားနည်းခြင်းနှင့် တချို့နေရာဒေသများတွင် တရားဥပဒေစိုးမိုးမှုအားနည်းခြင်းစသည်တို့ကြောင့် ယင်းကဲ့သို့ မြင့်တက်လာခြင်းဖြစ်နိုင်ကြောင်း ဒေါ်မြသူဇာက သုံးသပ်သည်။

အဓိကတော့ ဒီပြစ်မှုကို ကျူးလွန်လို့ရတယ်။ ဒီနိုင်ငံရဲ့အနေအထားအရ ဒီအမှုကို ထိထိရောက်ရောက်သေသေချာချာမလုပ်နိုင်ဘူးဆိုတဲ့ ခံယူချက်တွေရှိနေကြတာကြောင့်လည်း ဒီအမှုတွေကို ကျူးလွန်ကြတာကို တွေ့ရှိရတယ်ဟု သူမက ရှင်းပြသည်။

ယခင်က နိုင်ငံရေးအခြေအနေကောင်းမွန်နေချိန်တွင်ပင်လျှင် အဓမ္မမှုကျူးလွန်သူအပေါ် အပြစ်ပေးအရေးယူမှုအပိုင်းတွင် အားနည်းချက်များစွာရှိခဲ့သည့်အတွက် ယခုကဲ့သို့ နိုင်ငံရေးမတည်ငြိမ်သည့် အခြေအနေမျိုးတွင်ကျူးလွန်ခံရသည့် အမျိုးသမီးငယ်များအတွက် ဥပဒေအရထိရောက်စွာအရေးယူ ဆောင်ရွက်ပေးနိုင်ရေးအပေါ်စိတ်ပူမိကြောင်း ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဌ စောစံငြိမ်းသူက ဆိုသည်။

ဒီလိုကျူးလွန်တဲ့သူတွေကို ဥပဒေအရ ထိထိရောက်ရောက်အရေးယူဖို့လိုပါတယ်။ မဟုတ်ရင် ထပ်ပြီး ကျုးလွန်မှုတွေပိုဖြစ်လာဖို့အတွက် လမ်းကြောင့်ဖွင့်ပေးရာ ရောက်ပါလိမ့်မယ်။ ဒီအပေါ်မှာလည်း စိုးရိမ်မိပါတယ်ဟုပြောသည်။

ယခုကဲ့သို့ အဓမ္မပြုကျင့်မှုများ မြင့်တက်လာနေချိန်၌ အချို့နေရာများတွင် လူမသိသူမသိ ကျူးလွန်ခံရသည့် အမှုများလည်း ရှိနေသည်ဟု ကြားသိရကြောင်း စောစံငြိမ်းသူက ဆိုသည်။

အချို့ စစ်ဘေးရှောင်စခန်းမှာပဲဖြစ်ဖြစ်၊ စခန်းပြင်ပကိုထွက်ပြီး ဟင်းရှာငါးရှာတုန်းမှာပဲ ဖြစ်ဖြစ်၊ အဓမ္မပြုကျင့်မှုတွေဖြစ်ပြီး ဒီအမှုတွေဟာ အဲ့ဒီနေရာမှာပဲ ပျောက်ကွယ်သွားပြီး အပြင်ကို ထွက်မလာတာတွေကိုလည်း အများကြီးကြားသိနေရတာတွေရှိပါတယ်ဟု သူကပြောသည်။

ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင် နေထိုင်ရသည့်အမျိုးသမီးများမှာ လုံခြုံရေးအခြေအနေ စိုးရိမ်နေရပြီး စစ်ဘေးရှောင်စခန်းများတွင် နေထိုင်ရသည့်အတွက် လုံခြုံမှုမရှိနိုင်ကြောင်းကိုလည်း  အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

ပြီးခဲ့သည့် တစ်လတာအချိန်ကာလအတွင်း၌ ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တို့တွင် အဓမ္မပြုကျင့်မှုများဖြစ်ပွားခဲ့ပြီး ယင်းအထဲမှ နှစ်မှုမှာ အသက်မပြည့်သေးသည့် ကလေးသူငယ်များကျူးလွန်ခံရခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးနှစ်ဦး အဓမ္မပြုကျင့်ခံရခြင်းနှင့်ပတ်သက်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန်ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့အစည်းထံသို့ အမေရိကန်ရောက် ရခိုင်အမျိုးသမီးအဖွဲ့ (Arakanese women’s Association – USA) မှ ဇွန်လ ရက်နေ့က ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။

Leave a Reply

Your email address will not be published. Required fields are marked *