လာမယ့် ဇွန်လ ၁၈ရက်နေ့ နံနက် ၁၀နာရီအချိန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးကို သီးသန့်ထပ်မံဆွေးနွေးဖို့ရှိနေတယ်လို့သိရပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Burgener နဲ့အာဆီယံအလှည့်ကျဥက္ကဌ ဖြစ်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Dato Erywan Yusof တို့ တင်ပြဆွေးနွေးဖို့ ရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်တွေက အပြစ်မဲ့ပြည်သူ ၉၀၀နီးပါးကို ….ခဲ့ပြီး ၅၀၀၀နီးပါးဖမ်းခံထားရပြီတိုင်းရင်းသားဒေသတွေနဲ့ပြည်မပါမကျန်ထင်တိုင်းကြဲကာ လူအခွင့်ရေးချိုးဖောက်မှုတွေကို လက်ရှိအချိန်ထိပြောင်ပြောင်တင်းတင်းကျူးလွန်နေဆဲဖြစ်ပါတယ်။