နယူဇီးလန်က မြန်မာ စစ်ဘေးရှောင်များနှင့်ရိုဟင်ဂျာများအတွက် ဒေါ်လာ ၈ဒသမ၂၅သန်းကူညီမည်

စစ်ဘေးရှောင် မြန်မာများနှင့် ရိုဟင်ဂျာ ဒုက္ခသည်များအတွက် နယူဇီးလန်အစိုးရက နယူဇီးလန်ဒေါ်လာ၈ဒသမ၂၅သန်းကူညီမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး နနိုင်ယာ မဟူတာက ဇွန် ၁၄ရက်တွင် ကြေညာသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားတွင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီလိုအပ်နေဆဲ ရိုဟင်ဂျာ ၁ဒသမ၃သန်းရှိနေဆဲဖြစ်ပြီး ၎င်းတို့အတွက် နယူဇီးလန်ဒေါ်လာ ၅ဒသမ၅သန်းကူညီမည်ဖြစ်သည်။

ယင်းကူညီမှုကို ကုလအေဂျင်စီများ၊ NGO များတစ်ဆင့် ပေးမည်ဖြစ်ပြီး ယင်းသည် အမျိုးသမီးများအတွက်ကူညီရေးအစီအစဉ်များအတွက်လည်း အကျုံးဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

နယူဇီးလန်ဒေါ်လာ ၂ဒသမ၇၅သန်းကိုမူ စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသောမြန်မာပြည်သူ ၃၃၆၀၀၀ ခန့်အတွက် ကူညီခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ယင်းအကူအညီများသည် ဒုက္ခရောက်နေသာ မြန်မာပြည်သူများအတွက်သာဖြစ်ပြီး လူထုအာဏာလုယူထားသည်အကြမ်းဖက်စစ်ကောင်စီအတွက်မဟုတ်ကြောင် ဖော်ပြထားသည်။

ထို့ပြင် နယူဇီးလန်အစိုးရအနေနှင့် စစ်တပ်က အာဏာသိမ်းမှုကို ရှုတ်ချပြီး အရပ်သားအစိုးရထံ အမြန်ဆုံးအာဏာပြန်လွှဲပြောင်းပေးရန်နှင့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် တောင်းဆိုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *