သေနက်ကိုင်တိုင်း ရမ်းကားတဲ့အလုပ် ငါတို့မလုပ်ဖူး ငါတို့ GZ တွေမှာ ကြင်နာတတ်တဲ့ နလုံးသားရှိတယ် လို့ပြောလာတဲ့လူငယ်လေး

လူငယ်အားလုံးကတော့ ရည်မှန်းချက်တွေ အိမ်မက်တွေ နဲ့  အတတ်ပညာကိုယ်စီ ရှိကြပေမယ့် ဒီလိုအခြေအနေတွေမှာတော့ သူတို့ရဲ့ အိမ်မက်တွေကို စွန့်လွှတ်ကာ တော်လှန်ရေးကြီးအတွက် ပါဝင်နေကြတာဖြစ်ပါတယ်။

တောထဲမှာ စစ်သင်တန်း တတ်ရောက်နေတဲ့ လူငယ်တွေ ဆိုရင်လည်း အရင်က လွတ်လပ်ပျော်ရွှင်စွာ ပေါ့ပေါ့ ပါးပါးဖြတ်သန်းခဲ့ကြပေမယ့် ခုဆို တောတောင်ထဲမှာ အဆင်ပြေသလို စားသောက် နေထိုင်နေကြရတာပါ

အခုလည်း အရင်က ကင်မရာကိုင်ကာ ဝါသနာတွေကို အကောင်းဆုံး အကောင်ထည်ဖော်ခဲ့တဲ့ လူငယ်လေးတစ်ဦးက ခုဆို လက်နက်ကိုင်ကာ စစ်သင်တန်းတက်ရောက်လျက်ရှိပါတယ်

ဒီလို စစ်သင်တန်းတက်ရောက်ပြီးလက်နက်ကိုင်ဆောင်တိုင်း ရမ်းကားတဲ့ လုပ်ရပ်တွေ ဘယ်တော့မှ မလုပ်ကြောင်းနဲ့ GZ တိုင်း ကြင်နာတတ်တဲ့နှလုံးသားရှိကြောင်း သူရဲ့ ခံယူချက်လေးကိုသေနက်ကိုင်တိုင်း ရမ်းကားတဲ့အလုပ် ငါတို့မလုပ်ဖူး ငါတို့ GZ တွေမှာ ကြင်နာတတ်တဲ့  နလုံးသားရှိတယ် လူသားဆန်တဲ့ စိတ်ရှိတဲ့သူတွေမို့ ရက်စက်တက်တဲ့ စိတ်နဲ့ ကြင်နာတက်တဲ့စိတ်ကို သီးခြားခွဲနိင်တယ် တန်ရာတန်ရာခံစားစေရမယ် ငါတို့ရဲ့အပြစ်မဲ့ပြည်သူတွေကို ရက်စက်စွာ မင်းတို့ သတ်ခဲ့တာတွေမြင်ရင် ဝမ်းနည်းလို့  ငိုချင်ငိုလိုက်မယ် ဒါပေမဲ့ မင်းတို့ကို လက်စားပြန်ချေဖို့ အတွက် ငါတို့စိတ်တွေ  မပျော့ညံ့ဘူးဆိုတာ မင်းတို့အလှည့်ကြရင် စောင့်ကြည့်လိုက်ဆိုပြီး ရေးသားဖော်ပြထားရာ ဖတ်ပြီး လေးစားမိတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ်  

Leave a Reply

Your email address will not be published. Required fields are marked *