G-7 က ဟောင်ကောင် အရေးတို့အပေါ် ဝေဖန်ခြင်းသည် နိုင်ငံရေး ကြိုးကိုင်ချယ်လှယ်မှုဖြစ်ဟု တရုတ် တုံ့ပြန်

ဟောင်ကောင်နဲ့ ရှင်ကျန်းဒေသ လူ့အခွင့်အရေး ဖြစ်စဉ်များနဲ့ ပတ်သက်ပြီး ပေကျင်းအစိုးရကို ဝေဖန်မှုလုပ်ခဲ့တဲ့ဂျီ ရဲ့ လုပ်ရပ်ဟာ နိုင်ငံရေး ကြိုးကိုင်ခြယ်လှယ်ခြင်းဖြစ်ကြောင်း တရုတ်က တနင်္လာနေ့(ဇွန် ၁၄) မှာ တုံ့ပြန်စွပ်စွဲခဲ့ပါတယ်။


အင်္ဂလန်မှာ ပြုလုပ်တဲ့ သုံးရက်ကြာ ထိပ်သီးဆွေးနွေးပွဲအပြီး တရားဝင် ထုတ်ပြန်ချက်တစ်ခု ထုတ်ခဲ့ရာမှာ ရှင်ကျန်းဒေသ လူနည်းစုတွေအပေါ် လူအခွင့်အရေး ဖောက်မှုတွေ၊ ဟောင်ကောင်မှာ ပြည်မကြီးအစိုးလုပ်ဆောင်ခဲ့မှုတွေအပေါ် ဂျီ ခေါင်းဆောင်တွေက ဝေဖန်ရှုတ်ချခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ပေကျင်းအနေနဲ့ လူ့အခွင့်အရေးဆိုင်ရနိုင်ငံတကာ သတ်မှတ်ချက် စံနှုန်းတွေကို ပိုမိုတာဝန်ခံတာဝန်ယူစွာ စတင်လုပ်ဆောင်လာဖို့တောင်းဆိုခဲ့ပါတယ်။

ဒီ ထုတ်ပြန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဗြတိန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက တနင်္လာနေ့မှာ ဒေါသတကြီးတုံ့ပြန်ခဲ့ကာ ဂျီ အဖွဲ့ဟာ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဂျီ အဖွဲ့ဟာ ရှင်ကျန်းဒေသ အရေးကိစ္စတွေကို အကြောင်းရှာပြီး နိုင်ငံရေးအရ ကြိုးကိုင် ခြယ်လှယ်ခြင်းနဲ့တရုတ် ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်းတို့လုပ်ဆောင်ကြောင်း၊ ယင်းလုပ်ရပ်တွေကို မိမိတို့ အခိုင်အမာကန့်ကွက်ကြောင်း သံရုံးပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *