မြန်မာ့စစ်တပ်အား လက်နက်များရောင်းချမည်မဟုတ်ဟု G7 ကြေညာ

မြန်မာ့စစ်တပ်အား အကျိုးဖြစ်ထွန်းစေမည့် လက်နက်များရောင်းချခြင်းနှင့် ဖွံ့ဖြိုးမှု အကူအညီများ ပေးဆောင်သွားမည်မဟုတ်ကြောင်း G7က ထုတ်ပြန်ကြေညာလိုက်သည်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ဂျပန်၊ အီတလီ စသည့် ဖွံ့ဖြိုးပြီး ၇နိုင်ငံမှ ခေါင်းဆောင်မျာ ဗြိတိန်နိုင်ငံတွင် ဇွန် ၁၃ရက်က တွေ့ဆုံဆွေးနွေးစဉ် မြန်မာအရေးနှင့်ပတ်သက်၍ ယင်းကဲ့သို့ ဆုံးဖြတ်ကြေညာခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပြင်သစ်သံရုံးက ယနေ့(ဇွန် လ၁၄ရက်)တွငထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ထုတ်ပြန်ချက်အပြည့်အစုံမှာမြန်မာနိုင်ငံ၏စစ်တပ်အာဏာသိမ်းမှုနှင့်လုံခြုံရေးတပ်ဖွဲ့များကျူးလွန်မှုများအား ကျွန်ုပ်တို့ပြင်းထန်စွာပြစ်တင်ရှုတ်ချပါသည်။ မတရားဖမ်းဆီးထားသူများအား ချက်ချင်းပြန်လွှတ်ပေးရန်လည်းတောင်းဆိုပါသည်။ တည်ငြိမ်ပြီး အားလုံးပါ၀င်နိုင်သည့်ဒီမိုကရေစီအတွက် ငြိမ်းချမ်းစွာထောက်ခံအားပေးသူများအား ပံ့ပိုးကူညီသွားမည်ဟု ကျွန်ုပ်တို့ကတိပြုပါသည်။ အာဆီယံအသင်း၏အဓိကအခန်းကဏ္ဍကိုသတိမူ၍ ဘုံသဘောတူညီမှု ()ချက်ကို ကျွန်ုပ်တို့ကြိုဆိုပြီး လျင်မြန်စွာအကောင်အထည်ဖော်ရန် တိုက်တွန်းအပ်ပါသည်။ မြန်မာစစ်တပ်အတွက်အကျိုးဖြစ်ထွန်းစေမည့်…ရောင်းချခြင်းနှင့်ဖွံ့ဖြိုးရေးအကူအညီများကို လုပ်ဆောင်မည်မဟုတ်ကြောင်း မိမိတို့၏ကတိကဝတ်ကို ထပ်လောင်းအတည်ပြုပါသည်။  စီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့၏ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရာတွင်လည်း အလားတူဆောင်ရွက်ရန်တိုက်တွန်းပါသည်။ G7 အနေဖြင့် လိုအပ်ပါက ပိုမိုအရေးယူဆောင်ရွက်ရန် တညီတညွတ်တည်းရှိကြောင်းထပ်လောင်းအတည်ပြုပါသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများအတွက်လည်း  ကျွန်ုပ်တို့အနေဖြင့် လွန်စွာစိုးရိမ်ပူပန်ရပါသည်။ အကူအညီများလိုအပ်နေသည့် ထိရှလွယ်သူများနှင့် စစ်ဘေးရှောင်ဒုက္ခသည် ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ရရှိစေနိုင်ရေး ဆောင်ရွက်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုအစီအစဉ်ကို ထောက်ခံရန်နှင့် အားလုံးပါ၀င်ကူညီကြရန်လည်း တိုက်တွန်းလိုပါသည်ဟု ပြင်သစ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *