ကုလမင်းကြီး ဘက်လိုက်သည်ဟု စစ်ကောင်စီစွပ်စွဲ အပြစ်တင်

မြန်မာနိုင်ငံတွင် ဘေးဒုက္ခများဆက်လက်ဖြစ်ပွားမည့်အခြေအနေရှိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Ms. Michelle Bachelet က ဇွန်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီကတော့ အဆိုပါ ထုတ်ပြန်ချက်သည် မှန်ကန်ပြည့်စုံမှုမရှိဘဲ ဘက်လိုက်မှုများရှိနေကြောင်း ၎င်းတို့၏ဝါဒဖြန့်သတင်းစာများ၏ ရှေ့မျက်နှာဖုံးတွင် ဖော်ပြအပြစ်တင်ခဲ့သည်။

ကုလမင်းကြီးက မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အဦးများအတွင်းတပ်မတော်က ဝင်ရောက်တပ်စွဲခြင်း၊ စစ်ဘက်ဆိုင်ရာလုပ်ဆောင်မှုများအတွင်း အဆိုပါနေရာများအားပစ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည့် သတင်းဖြစ်ရပ်သက်သေများကို လက်ခံရရှိထားပြီး အဆိုပါနေရာများကို ကာကွယ်စောင့်ရှောက်ပေးကြရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

စစ်ကောင်စီကတော့ ထိုထုတ်ပြန်ချက်သည် ပြည်သူများတပ်မတော်အပေါ်အထင်အမြင်လွဲမှားစေပြီးစာသင်ကျောင်းများတိုက်ခိုက်ခံရမှုတွင် NUGနှင့် CRPH ဦးဆောင်သည့်အဖွဲ့က ကျုးလွန်ခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုထားသည်။

ကုလမင်းကြီးအနေဖြင့် ဘက်လိုက်မှုမရှိဘဲ ဓမ္မဓိဌာန်ကျကျ ဆောင်ရွက်ရန် စစ်ကောင်စီက ထုတ်ပြန်ချက်တွင်ကြေငြာလိုက်ပြီး ယင်းသည် UNICEF ကို ပညာရှင်ပီသရန် အပြစ်တင်ပြီးနောက် ကုလတာဝန်ရှိသူများကို ဒုတိယမ္ပိအပြစ်တင်ဝေဖန်လိုက်ခြင်းလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *