မီးမီးခဲရဲ့ မွေးနေ့လေးကို သားသမီးများနှင့်အတူ အုတ်ဂူရှေ့မှာကျင်းပခဲ့ကြသည့် ခင်ပွန်းဖြစ်သူ
အောက်တိုဘာလ(၁၆) ရက်နေ့တွင် ထိုရောဂါကြောင့်ပဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ မီးမီးခဲကို ကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း အခုချိန်ထိကို ဝမ်းနည်းနေကြဆဲပဲ ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်ပေမယ့်လည်း သူမရဲ့ သီချင်းလေးတွေကတော့ အားလုံးရဲ့ ရင်ထဲမှာ အခုချိန်ထိ ရှိနေဆဲ ဖြစ်ပါတယ်။
မနေ့ကတော့ မီးမီးခဲရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းက မီးမီးခဲခင်ပွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဓာတ်ပုံတစ်ချို့နဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဇနီးဖြစ်သူရဲ့မွေးနေ့ကို မမေ့မလျော့ဘဲ မီးမီးခဲရဲ့အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ ကျင်းပပေးခဲ့တဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူကလည်း ” Happy Heavenly Birthday Eh Tone ပြန်ဆုံမယ့် နေ့မှာကွယ် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။