G7 ထိပ်သီးအစည်းအဝေးပွဲတွင် မြန််မာအာဏာသိမ်းမှုလုပ်ရပ်ကို ရှုတ်ချနိူင်ခဲ့ကြ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကိုရော အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေကိုပါ G7 စက်မှုထိပ်သီး နိုင်ငံ ခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။


ဗြိတိန်နိုင်ငံ အနောက်တောင်ပိုင်း Cornwall က Carbis ကမ်းခြေမှာ ဇွန်လ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ရက်တာ ကျင်းပခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးအပြီး တနင်္ဂနွေနေ့မှာ G7 ခေါင်းဆောင်တွေက ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့တာ ဖြစ်ကြောင်း အိန္ဒိယ ANI သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာပ်အာဏာသိမ်းတာနဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေကို အပြင်းထန်ဆုံး အသုံးအနှုန်းနဲ့ ရှုတ်ချလိုက်ကြောင်းနဲ့ Carbis Bay ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တရားလက်လွတ် ဖမ်းဆီးထားသူတွေကို အမြန်ပြန်ပြီးလွှတ်ပေးဖို့ပါ တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံမှာ တည်ငြိမ်မှုနဲ့ ဒီမိုကရေစီ ရရှိရေးအတွက်ငြိမ်းချမ်းစွာ ဆောင်ရွက်မှုကို ထောက်ခံပံ့ပိုးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာ့အရေးအတွက် အာဆီယံက အဓိကကဏ္ဍကနေ လုပ်ဆောင်ဖို့ ထပ်မံတောင်းဆိုလိုက်သလို အာဆီယံက ရရှိထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် ရပ်ကို ထောက်ခံပြီး ဒါကို အမြန်အကောင်အထည်ဖော်ဖို့တိုက်တွန်းလိုက်ပါတယ်။

G7 နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံတိုးတက်ဖို့ လိုအပ်တဲ့ နောက်ထပ် အရေးယူ ဆောင်ရွက်မှုတွေကို ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက လိုအပ်နေတဲ့သူတွေ နေရပ်စွန့်ခွါထွက်ပြေးရသူတွေအတွက် အနှောင်ဖွဲ့ကင်းတဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့်ပြုဖို့လည်း တောင်းဆိုလိုက်ပါတယ်။

လူကိုယ်တိုင် တက်ရောက်ကြတဲ့ ဒီထိပ်သီးအစည်းအဝေးကို G7 အဖွဲ့ဝင်တွေဖြစ်ကြတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ ကနေဒါနဲ့ အီတလီနိုင်ငံတို့က ခေါင်းဆောင်တွေအပြင် သြစတြေးလျ၊ တောင်အာဖရိကနဲ့တောင်ကိုရီးယား ခေါင်းဆောင်တွေပါ တက်ရောက်ခဲ့တာဖြစ်ပြီး အိန္ဒိယကတော့ အွန်လိုင်းကနေ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *