ဆရာဝန်လောင်းလေး မောင်ခန့်ငြားဟိန်း ကျဆုံးခဲ့တာ (၃)လပြည့်ခဲ့ပြီ

“အာဇာနည်ဆိုတာ နာမည်ပဲရှိတာသားရယ်၊ အန်တီ့သား​လေးက ခုမရှိ​တော့ဘူး၊ အန်တီရင်ကျိုးရချည်ရဲ့”

“အန်တီ ငယ်ငယ်က ရှမ်းပြည်နယ်စပ်မှာ​​နေတာ ၊ အမြဲတမ်း စစ်ဖြစ်လို့ ​ကျောင်း​တောင် ​​ကောင်း​ကောင်းမတက်ခဲ့ရဘူး၊ ​ပြေးရပုန်းရနဲ့ ​နေလာရတာသားရယ်၊ အဲ့​တော့ အန်တီက အန်တီ့သား​လေးကို ပညာတတ်​စေချင်တယ်၊ အန်တီ မစားရ​နေပါ​စေ သား​လေးကို အ​ကောင်းဆုံး​တွေပဲ ​ပေးခဲ့တာ၊ ပိုး​​မွေးသလို ​မွေးခဲ့တာ၊ ခု​တော့ အန်တီ့သား ပညာတတ်​လေး မရှိ​တော့ဘူး၊ အန်တီ့သား ဆရာဝန်ကြီးဖြစ်တာ မမြင်ရ​တော့ဘူး၊ အန်တီ့ရဲ့ အသည်းနှလုံးတစ်ခုလုံးကို ​ဖောက်ထုတ်လိုက်သလိုပါပဲသားရယ်”

“အန်တီ့ သား​လေးက အရမ်းစိတ်ထား​ကောင်းတာ၊ လူကြီး​​တွေ​ရော ဆရာဆရာမ​တွေ​ရောက သိပ်ချစ်တာ၊ စာလည်း အရမ်း​တော်တာ၊ အန်တီ့သား​ကြောင့်​လေ တစ်ခါမှ မျက်နှာမငယ်ခဲ့ရဘူး သိလား၊ ခု​တော့ အသက်​ပေးလိုက်ရပြီသားရယ်၊ အန်တီ့သား​လေးကို အသက်ပြန်ရှင်ခွင့်​ပေးပါ၊ အန်တီရင်ဘက်ကို ​ကော့​​ပေးထားပါတယ်၊ အချက် ၁၀၀ ပစ်ရင်လည်း အန်တီခံပါ့မယ်သားရယ်”

အန်တီက သူ့လက်က​လေး​တွေ ကြည့်ပြီး ငိုရင်း “ဒီလက်က​​လေး​တွေနဲ့​လေ အန်တီ့သား​လေးကို ဟင်းချက်​ကျွေးခဲ့တာ၊ သူကြိုက်တဲ့ဟင်း​တွေ အကုန်ချက်​ကျွေးခဲ့တာ၊ ခုအန်တီချက်​ကျွေးချင်ရင်​တောင် ​ကျွေးလို့မရ​တော့ဘူးသားရယ်”

“အန်တီ့သား​လေး ကိုရင် ၁လ ဝတ်တုန်းကဆို​လေ မျက်နှာ​လေးမြင်ချင်လွန်းလို့ ဘုန်းကြီး​ကျောင်းမှာ တစ်​နေကုန် ပန်းကန်​ဆေးပြီး ​စောင့်ခဲ့တာ သားရဲ့၊ အန်တီ့သားက​လေ သိပ်​တော်တယ် သိလား၊ ကိုရင်ဝတ်​တော့ စာ​​မေးပွဲစစ်တာ အ​ယောက် ၄၀၀​ကျော်မှာ အဆင့် ၄ ချိတ်တာသားရဲ့၊ အန်တီအရမ်းဂုဏ်ယူရတဲ့သား​လေးပါ သားရယ်”

အန်တီက သူ့​ခြေ​ထောက်​လေး​တွေကို ကြည့်ရင်း ” ဒီ​ခြေ​ထောက်​လေး​တွေနဲ့ အန်တီ့သား​လေးကို ​ကျောင်းပို့၊ ကျူရှင်ပို့လုပ်ခဲ့တာ၊ အန်တီ့သား​လေးနဲ့အတူ ​လျှောက်သွားခဲ့တာ၊ ခု​ သား​လေးမရှိ​​တော့ ဒီ​ခြေ​ထောက်​တွေနဲ့ ဘယ်လိုရပ်တည်ရမလဲသားရယ်”

“အန်တီ့သား​လေးကို အမြဲအမှတ်ရ​နေ​ပေးပါ​နော်၊ သား​လေးအတွက် အမှတ်တရ​ဖြစ်​စေမယ့်​နေရာ​လေး​တွေလည်း လုပ်​ပေးပါ​နော်၊ အန်တီ့သား​လေးကိုလွမ်းတိုင်း အဲ့​နေရာ​လေး​တွေသွားပြီး ဂုဏ်ယူချင်လို့ပါသားရယ်၊ အန်တီ့သား ဆရာဝန်​လောင်း​လေးကို အန်တီ ဂုဏ်ယူချင်လို့ပါ သားရယ်”

ဒီစကားတစ်ခွန်းချင်းဆီတိုင်းက ရင်ဘတ်ကို ​ဖောက်ထွက်မတတ် ခံစားရတယ်၊ သား​လေးတစ်​ယောက် ဆုံးရှုံးသွားတဲ့ မိခင်တစ်​ယောက်ရဲ့ ပူ​ဆွေးငို​ကြွေးသံ​တွေကြား တကယ် ဝမ်းနည်းရတယ်၊ ဘာမှ မလုပ်​ပေးနိုင်လို့လည်း အားနာရပါတယ်၊ ဒီမိုက​ရေစီတိုက်ပွဲအတွက် အသက်​ပေးလိုက်ရတဲ့ အန်တီ့သားကို အမြဲမှတ်မိ​​နေပါ့မယ်။ ​သေမင်းက လူ​ကောင်း သိပ်ကြိုက်တယ်ဗျာ၊ တကယ် စိတ်ထား​ကောင်းတဲ့သူကိုမှ ​ခေါ်သွားရက်တယ်။(​ကြွေလွင့်သွားခဲ့ရတဲ့ အာဇာနည်​မောင်ခန့်ငြားဟိန်းကို အ​လေးပြုလျက်)

Leave a Reply

Your email address will not be published. Required fields are marked *