ဒီးမော့ဆိုတွင် အကြမ်းဖက်စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူတစ်ဦးကို မြေမြှပ်၍ ပြည်သူတစ်ချို့ကို ကျွန်အဖြစ်အသုံးပြု
ကယားပြည်နယ် ဒီးမော့ဆိုမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အပြစ်မဲ့ ပြည်သူတစ်ဦးကို….. ဖမ်းဆီးထားတဲ့ ပြည်သူတွေကို ရိုက်နှက်ကာ လက်နက်ခဲယမ်းပစ္စည်တွေကိုထမ်းစေတဲ့ စစ်ကျွန်ပုံစံခိုင်းစေခဲ့တယ်လို့ Free Burma Ranger Karenni အဖွဲ့ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
“ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီမှ မနေ့ကအပြစ်မဲ့ပြည်သူတစ်ယောက်ကိုအကြောင်းမဲ့ ရက်ရက်စက်စက်ပစ်သ တ်ပြီး အလောင်းကိုမြေမြှုပ်တယ်၊ ပြည်သူတွေကို ဖမ်းစီးရိုက်နှက်ပြီး သူတို့ရဲ့လက်နက်ခဲယမ်းပစ္စည်းတွေကိုထမ်းစေတယ် မြလဲရွာမာဝင်ရောက်ပြီး အိမ်ဖောက်တယ်၊ ပစ္စည်းတွေယူတယ်၊ ဖျက်စီးခဲ့တယ်၊ ရွာသူ/သား ရဲ့အစားအသောက်တွေကို စိတ်ကြိုက်စားသောက်ဖျက်စီးပြီး တစ်ညအိပ်ခဲ့တယ် ” လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ကယားပြည်နယ်အတွင်း စစ်ရှောင်ပြည်သူတွေ တိုးပွားလာနေပြီး မြို့အတွင်း လူမရှိသလောက် ဖြစ်နေတယ်လို့ သိရပါတယ်။
ပုံ – Free Burma Ranger Karenni