သွေးကင်ဆာရောဂါခံစားနေရသည့် NLD ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်ကို ထောင်တွင်း ဆေးကုပေးနေပြီဟုစစ်ကောင်စီပြော

မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ကျန်းမာရေး ကောင်းမွန်နေပြီး အကျဉ်းထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လ ၁၂ ရက် ဒီနေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။  

မန္တလေး ဗဟိုအကျဉ်းထောင်မှာ ကျနော်တို့ ထိန်းသိမ်းထားရှိတဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ အခြေအနေကတော့ရောဂါတော်တော်များရှိနေတယ်ဆိုတာကျနော်တို့ သိရပါတယ်။ ပြင်ပမှာကတည်းက ခံစားနေတာ ဖြစ်ပါတယ်။ အကျဉ်းထောင်မှာလည်း ကျန်းမာရေးဆက်လက်ကုသခွင့် ပေးထားပါတယ်။ သွေးကင်ဆာအတွက် ဆေးကတော့ ကျနော်တို့ တစ်လကို နှစ်ကြိမ် ထိုးပေးတယ်၊ တစ်လကို တစ်ကြိမ်သွေးစစ်ပေးခြင်းနဲ့ ပြင်ပမှ အထူးကုဆရာဝန်တွေရဲ့ လမ်းညွှန်ချက်များအတိုင်း ဆေးကုသလျက်ရှိကြောင်းသိရပါတယ်။ နေ့စဉ် ပုံမှန် တစ်ရက် တစ်ကြိမ်အကျဉ်းထောင်အုပ်ကြီးက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိတယ်ရှိတယ်လို့ သိရှိရပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကျန်းမာရေး ဆေးကုသစရိတ်အနေနဲ့  အကျဉ်းထောင်ကနေ ဥပဒေနဲ့လုပ်ထုံးလုပ်နည်းနဲ့ အညီ အပြည့်အဝ ဆောင်ရွက် ပေးထားတယ်လို့လည်းဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *