ဇီဝိတဒါနသံဃာဆေးရုံကြီး ဆက်လက်ရပ်တည်နိုင်ရေးအတွက် တတ်နိုင်သမျှ ဝိုင်းဝန်ကူညီကြိုးပမ်းကြပါရန် ကိုတေဇာဆန်းတောင်ဆို

ကျနော်တို့ မန္တလေး၊ နန်းရှေ့ ၆၂ လမ်းပေါ်က ဇီဝိတဒါနသံဃာဆေးရုံကြီးဆိုတာ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့စေတနာ၊ မေတ္တာတရားနဲ့ ပေါ်ပေါက် ဖွင့်လှစ်တည်ထောင်ထားတာပါ။ ရဟန်းတော်များ၊ သီလရှင်ဆရာကြီး/ဆရာလေးများကိုသာမက လိုအပ်လျက်ရှိတဲ့ ပြည်သူလူထုအပေါင်းကိုပါ အခမဲ့ကုသပေးနေတာ ယခုချိန်ထိ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတာ အားလုံး အသိပါပဲ။

ယခင်ဘယ်အစိုးရလက်ထက်မှာမှ ဒီဆေးရုံကြီးကို ရပ်ဆိုင်းသွားအောင်၊ အခက်ဖြစ်အောင် မလုပ်ခဲ့ကြပါဘူး။ဆရာတော်ကြီးတွေရဲ့ အရိပ်အာဝါသအောက်မှာ အေးချမ်းစွာနဲ့ ဇီဝိတဒါန၊ ပရဟိတလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ ဒီဆေးရုံကြီးဟာ ကိုဗစ်၁၉ ရောဂါဒဏ် ပြင်းထန်နေစဉ်ကလည်း မန်းလေးမြို့လူထု ကျန်းမာရေးကို အများကြီးကူညီ စောင့်ရှောက်ခဲ့ပါတယ်။

အခုတော့၊ မနေ့ညကပဲ ဒီဆေးရုံကြီးထဲကို အတင်းအဓမ္မ၊ အင်အားသုံးပြီး စစ်ကောင်စီလက်ပါးစေ စစ်သားတွေ၊ ရဲတွေ ချဉ်းနင်းဝင်ရောက်ခဲ့ပါပြီ။ တံခါးတွေရိုက်ဖျက် ဝင်လာပြီးနောက် တွေ့တဲ့သူအကုန်ရိုက်၊ အကုန်ဖမ်းတော့တာပါပဲ။

ဖမ်းဆီးမိတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ လူနာစောင့်တွေကို တရစပ် ရိုက်နှပ်တာ၊ ဖားခုန်ခုန်ခိုင်းတာတွေ လုပ်ကြပါသတဲ့။ အဆိုးဆုံးကတော့ ဝေဒနာပြင်းထန်နေတဲ့၊ သေကောင်းပေါင်းလဲ လူနာတွေအပါအဝင် လူနာတွေကို ကုတင်ပေါ်က ဆွဲချ၊ ဒရွတ်တိုက်ဆွဲခေါ် ဖမ်းဆီးသွားတာပါပဲ။ ဖမ်းခံလိုက်ရတဲ့ လူနာတစ်ဦးလည်း အခုသေပြီလို့သတင်းတွေ ထွက်နေပါပြီ။ တကယ်တော့ အဲ့လူနာသည် လုံလောက်တဲ့ ဆေးကုသမှုကိုသာ အချိန်မီရရှိနေပါကသေစရာအကြောင်း လုံးဝမရှိပါဘူး။

ကိုယ်တိုင်က ဆီးချိုအင်ဆူလင်ဆေး တစ်နေ့ကို () ကြိမ် ထိုးနေရတဲ့ လူနာစောင့်တစ်ဦးကိုလည်း ဖမ်းဆီးသွားတာအခုချိန်ထိ ဘယ်ကိုခေါ်သွားမှန်း စုံစမ်းလို့ မရသေးပါဘူး။ မနေ့ညကတင် ဇီဝိတဒါနသံဃာ ဆေးရုံကြီးထဲကနေဆရာဝန်၊ သူနာပြု၊ စေတနာ့လုပ်သား၊ လူနာ၊ လူနာစောင့် စုစုပေါင်း () ယောက်ထက်မနည်း ရိုက်နှပ်ဖမ်းဆီးခံလိုက်ရပါတယ်။

ရက်စက်ယုတ်မာမှုအရာမှာ ကမ္ဘာ့စံချိန်တင်လောက်သည့် အကြမ်းဖက် စစ်အုပ်စုပါတကား။

ဤဇီဝိတဒါနသံဃာဆေးရုံကြီး ဆက်လက်ရပ်တည်နိုင်ရေးအတွက် တတ်နိုင်သမျှ ဝိုင်းဝန်ကူညီကြိုးပမ်းကြပါရန်မြို့လူထုကို အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *