အင်းစိန်ထောင်ထဲမှာရှိနေတဲ့ပိုပိုနဲ့ပတ်သက်ပြီး သတင်းမှားတွေထွက်နေတဲ့အပေါ် မိသားစုဝင်တစ်ဦးမှ ဖြေရှင်း

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ သီချင်းအေးအေးလေးတွေကို ချိုသာတဲ့အသံလေးနဲ့သီဆိုဖျော်ဖြေရင်း ပရိတ်သတ်အားပေးမှုကို အပြည့်ပဝရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အဆိုတော်ပိုပိုကလတ်တလောမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးပြည်သူလူထုနဲ့အတူသူမတတ်နိုင်တဲ့ဘက်ကနေအပြည့်အဝတစ်သားတည်းရပ်တည်ပေးခဲ့တဲ့သူလည်းဖြစ်ပါတယ်နော်။


အခုလိုမျိုးလူထုလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က)နဲ့အမှုဖွင့်ဝရမ်းထုတ်ခံခဲ့ရပြီး သူမရဲ့နေအိမ်မှာပဲဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ပိုပိုတစ်ယောက်ဖမ်းဆီးခံလိုက်ရတဲ့ အချိန်မှာ သူမကိုချစ်တဲ့ပရိတ်သတ်တွေဟာဆိုရင် အလွန်ပဲဝမ်းနည်းကြေကွဲခဲ့ကြရတာပဲဖြစ်ပါတယ်.။ဒီတစ်ခါမှာဆိုရင်လည်းအဆိုတော်ပိုပို ရဲ့သတင်းမှားတွေ မကြာခဏ တက်နေပေမဲ့ သူမဟာ အင်းစိန် ထောင်အတွင်း ကျန်းမာစွာရှိကြောင်း မနေ့ ဇွန်လ ၁၀ ရက်နေ့မှာကိုယ်တိုင် ထောင်ဝင်စာသွားတွေ့ခဲ့သူ မိသားစုဝင်က အခုလိုပြောပြခဲ့ပါတယ်။


ပိုပို ကျန်းမာရေးလည်းကောင်းတယ်၊ ဖေ့ဘွတ်ခ်မှာ တက်နေသလို ရူးလည်း မရူးသွား သလို၊ သေလည်း မသေပါဘူး အစစ အရာရာ အဆင်ပြေပါတယ်။ ပိုပို နဲ့ အတူ အခြား အနုပညာရှင်တွေလည်းရှိတော့ သူတို့အားလုံးလည်းကျန်းမာရေးကောင်းကြတယ်။ တခြား ထွေထွေထူးထူး ဘာမှ လုပ်စရာ မရှိတော့ စာအုပ်ဖတ်တယ်၊ ဘုရားတရားပိုလုပ်ဖို့ အချိန်ရတယ်လို့ သူကပြောပါတယ်။ နောက် ပရိသတ်တွေကို လည်း အခြေမြစ်မရှိတဲ့ သတင်းအမှားတွေအပေါ် မစိုးရိမ်ကြပါနဲ့ လို့လည်း ပြောချင်ပါတယ်လို့ ပြောလာခဲ့တာပဲဖြစ်ပါတယ်နော်။ပိုပိုတစ်ယောက် အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး ချစ်တဲ့ပရိတ်သတ်တွေနဲ့အရင်လိုပဲသီချင်းကောင်းလေးတွေသီဆိုရင်းပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *