NUG မှဘယ်ပညာရေးဝန်ဆောင်မှုအဖွဲ့အစည်းကိုမှ တရားဝင် အသိအမှတ်ပြုစံသတ်မှတ်ပေးခြင်းကို မလုပ်ဆောင်ရသေးကြောင်း ၊ ဒုဝန်ကြီး ဂျာထွယ်ပန်ပြော

ဘယ်ပညာရေးဝန်ဆောင်မှုအဖွဲ့အစည်းကိုမှ တရားဝင် အသိအမှတ်ပြုစံသတ်မှတ်ပေးခြင်းကို မလုပ်ဆောင်ရသေးကြောင်း ဒုဝန်ကြီး ဂျာထွယ်ပန်ပြော

 

ကြားကာလပညာရေးအစီအစဉ်အတွက် NUG ပညာရေးဝန်ကြီးဌာနက မကြာမှီမှာ ၀န်ကြီးဌာန တရားဝင် ဖေစ့်ဘုတ်စာမျက်နှာ နဲ့အင်တာနက်ဝက်ဆိုဒ် တွေကနေတဆင့် ကြေညာသွားမှာဖြစ်ပါတယ်။ အခုအချိန်မှာ ဖွင့်နေတဲ့ပညာရေး၀န်ဆောင်မှု ကျောင်းတွေ အစီအစဉ်တွေကို ပညာရေးဝန်ကြီးဌာနက တရား၀င်စံသတ်မှတ်ပေးနိုင်ဖို့ မူဝါဒတွေ ရေးဆွဲနေတုန်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ပညာရေးဝန်ဆောင်မှုအဖွဲ့အစည်းကိုမှ တရားဝင်အသိအမှတ်ပြုစံသတ်မှတ်ပေးခြင်းကို မလုပ်ဆောင်ရသေးကြောင်း မိဘပြည်သူကိုသိစေလိုပါတယ်။ မူဝါဒရေးဆွဲပြီးရင်တော့ စံသတ်မှတ်နိုင်ဖို့အစီအစဉ်တွေပြန်ပြီးကြေညာပေးပါ့မယ်။

ကြားကာလပညာရေးအစီအစဉ်လည်း စတင်တော့မှာဖြစ်ပါတယ်။ အင်တာနက်နည်းပညာပိုင်းလုံခြုံအောင်လုပ်နေရလို့ အနည်းငယ်ကြန့်ကြာသွားရခြင်းပါ။ ဇွန်လအတွင်းစတင်နိုင်အောင်စီစဉ်ဆောင်ရွက်နေပါတယ်။

လောလောဆယ်မှာတော့ အဆင့်မြင့်ပညာပိုင်းအနေနဲ့ တော်လှန်ရေးကာလအတွင်း လက်တွေ့ အသုံး၀င်မဲ့နည်းပညာပိုင်းနဲ့ လူမှုရေးသိပ္ပံဆိုင်ရာ ဘာသာရပ်ရက်တိုသင်တန်း (short course) တွေကို ၀န်ကြီးဌာန fb page ကနေတဆင့်လေ့လာနိုင်ပြီ ဖြစ်ပါတယ်။ ပညာရေးအစီအစဉ်တွေအားလုံးကို ဝန်ကြီးဌာန တရား၀င် FB Page/website တွေကတဆင့် ကြေညာမှသာ အစစ်အမှန်ဖြစ်ကြောင်းသိစေလိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *