ဂျပန်နိူင်ငံသို့သွားရောက်လည်ပတ်နေသည့် မြန်မာလက်ရွေးစင်အသင်း ဂိုးပြတ်ရှုံးပွဲ ထပ်မံကြုံတွေ့


 

မြန်မာလက်ရွေးစင် အမျိုးသားဘောလုံးအသင်းဟာ ကာဂျစ္စတန်အသင်းအား ၈ဂိုး ၁ဂိုးဖြင့်ရှုံးနှိမ့် ၁၅ရက်တာကာလအတွင်း ဂိုးပြတ်ရှုံးပွဲတခု ထပ်မံကြုံတွေ့ခဲ့ရခြင်းသည်။

မြန်မာအသင်းသည် ယနေ့ (ဇွန်လ၁၁ ရက်) နေ့လည်ပိုင်းက ဂျပန်နိုင်ငံတွင် ကစားခဲ့သည့် ကမ္ဘာဖလားအာရှဇုန်ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုပွဲစဉ်တွင် ကာဂျစ္စတန်အသင်းကို ရှုံးနှိမ့်ခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် မေ ၂၈ရက်က ဂျပန်အသင်းကို ၁၀ဂိုးပြတ်ရှုံးနှိမ့်ခဲ့ပြီးနောက်ပိုင်း  ဂိုးပြတ်ရှုံးပွဲတခု ကြုံရခြင်းဖြစ်ကာ မြန်မာ့ဘောလုံးသမိုင်းတွင် ပထမဆုံးနှစ်ပွဲဆက် ဂိုးပြတ်ရှုံးနိမ့်မှုပင်ဖြစ်သည်။

မြန်မာအသင်းသည် ဂျပန်အသင်းနှင့် လူစာရင်းကို အနည်းငယ်ပြောင်းလဲခဲ့ပြီး ကာဂျစ္စတန်အသင်းကို ရင်ဆိုင်ခဲ့သည်။ ပွဲကစားချိန် ၂၄မီနစ်အရောက်တွင် ကွင်လယ်ကစားသမား ရန်နိုင်ဦး ကစားပုံကြမ်းတမ်းသည့်အတွက်တိုက်ရိုက်အနီကပ်ဖြင့် အထုတ်ပယ်ခံခဲ့ရသည်။

မြန်မာအသင်းအတွက် တလုံးတည်းသော နှစ်သိပ့်ခြေပဂိုးကို ပွဲကစားချိန် မီနစ်၇၀အရောက်တွင် ကွယ်လယ်ကစားသမား လှိုင်းဘိုဘိုကသွင်းယူ‌ပေးခဲ့သည်။မြန်မာအသင်းပါ၀င်သည့် အုပ်စုတွင်ဂျပန်အသင်းက ၇ပွဲကစား၊ ၇ပွဲနိုင် ရမှတ် ၂၁မှတ်ဖြင့် အုပ်စုပထမနေရာတွင်ရပ်တည်နေပြီး တာဂျကစ္စတန်နှင့် ကာဂျစ္စတန်အသင်းတို့မှာ ရမှတ် ၁၀မှတ်စီဖြင့် အုပ်စုဒုတိယနေရာအတွက်အပြိုင်ဖြစ်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *