စစ်ထောက်ပို့ လေယာဥ်ပျက်ကျမှုဖြစ်စဥ်တွင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ပါဝင်မှုရှိမရှိ မေးမြန်းချက် အကြမ်းဖက်စစ်ကောင်စီ ပြန်ကြားရေးနှုတ်ဆိတ်နေ

စစ်ထောက်ပို့ လေယာဥ်ပျက်ကျမှုဖြစ်စဥ်တွင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်ပါဝင်မှုရှိမရှိ မေးမြန်းချက် အကြမ်းဖက်စစ်ကောင်စီ ပြန်ကြားရေးနှုတ်ဆိတ်နေ

ဒီနေ့ မနက်ပိုင်းက ပြင်ဦးလွင် အနီးစခန်းမှာ ပျက်ကျခဲ့တဲ့ စစ်ထောက်ပို့ လေယာဥ်ပေါ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ အကြီးအကဲ ပါဝင်မှုရှိမရှိကို နေပြည်တော် သတင်းထောက်အသိုင်းအဝိုင်းက အကြမ်းဖက်စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဇော်မင်းထွန်းကို မေးမြန်းရာမှာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ နှုတ်ဆိတ်နေတယ်လို့သိရပါတယ်။

ဒီနေ့ MRTV ရဲ့ ၈:၀၀ သတင်းမှာလည်း လေယာဥ်ပျက်ကျမှုဖြစ်စဥ်မှာ နိုင်ငံတော်သြဝါဒဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရ ပျံလွန်တော်မှုပြီး လာမယ့် ၁၄ရက်နေ့မှာ စျာပနအခမ်းအနားပြုလုပ်မယ်လို့ကြေညာသွားပြီး ဖြစ်စဥ်အတွင်း ကျန် သေဆုံးသူတွေကို ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။

လေယာဥ်ပျက်ကျပြီးနောက် အာဏာသိမ်းစစ်တပ်ရဲ့ အကြီးအကဲ ၂ဦးပါဝင်တယ်လို့ လူမှုကွန်ယက်ပေါ်မှာ သတင်းတွေပြန်နှံ့နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *