ရင်းနှီးမြှုပ်နှံမှု တားမြစ်ချက်ကို ရုပ်သိမ်းရန် အမေရိကန်ကို တရုတ် ပူဆာ

ရင်းနှီးမြှုပ်နှံမှု တားမြစ်ချက်ကို ရုပ်သိမ်းရန် အမေရိကန်ကို တရုတ် ပူဆာ

အမေရိကန်ပြည်ထောင်စုဟာ အမျိုးသားလုံခြုံရေးကိုချိုးဖောက်တာနဲ့ တရုတ်ကုမ္ပဏီတွေကို နာမည်ပျက်စာရင်းသွင်းတာကို တရုတ်နိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဝန်ဘင်ဝမ်က ဇွန် ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 


ဂျိုးဘိုင်ဒင်ဟာ ကြာသပတေးနေ့က တရုတ်ကုမ္ပဏီ အများအပြားကို နာမည်ပျက်စာရင်းသွင်းခြင်း၊ တရုတ်ကုမ္ပဏီတွေဆီက ငွေကြေးဆိုင်ရာအာမခံတွေကို ပိုင်ဆိုင်ခြင်း သို့မဟုတ် အရောင်းအဝယ်လုပ်တဲ့ အမေရိကန်ကုမ္ပဏီတွေကို တားမြစ်ခြင်း စတာတွေနဲ့ ပတ်သက်တဲ့ အမိန့်ထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးခဲ့တာပါ။

ယခုမှာတော့ ဝန်ဘင်ဝမ်ဟာ တရုတ်အပေါ်ပိတ်စို့ထားသည့်စီးပွါးရေးများပြန်လည်ဖွင့်ပေးဖို့အတွက် အမေရိကန်ကိုတောင်းဆိုခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *