စစ်ကောင်စီက ဗီဒီယိုအတုလုပ်ပြီးနာမည်ဖျက်ခဲ့သည့်Video အားဒေါက်တာဇော်ဝေစိုးပြန်လည်ဖြေရှင်း


စစ်ကောင်စီဝါဒဖြန့်ချိရေးယန္တရားဖြစ်တဲ့ မြဝတီရုပ်သံက ဇွန်လ ရက်နေ့က ထုတ်လွှင့်တာမှာ  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေး နဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးဟာ  ပြည်သူကိုခြိမ်း ခြောက်တယ်ဆိုပြီး အွန်လိုင်းပေါ်ပျံ့နေတဲ့ဗီဒီယိုဆိုကာ ထုတ်လွှင့်ပြခဲ့ပါတယ်။

ဒီဗီဒီယိုဖိုင်ကို ဇွန် ၇ရက်နေ့ထဲက Youtubeမှာ ရွှေရည်ဆိုတဲ့အကောင့်ပိုင်ရှင်က အစောဆုံးဖြန့်ဝေခဲ့တာဖြစ်ပေမယ့်မြန်မာ့အသံနဲ့ မြဝတီရုပ်မြင်သံကြားတို့ရဲ့ ၈နာရီ သတင်းအစီအစဉ်မှာထဲ့ပြခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုဖိုင်ထဲမှာတော့အိတ်သေးသေးလေးထဲဘာတွေပါလဲဆိုတာ တခါတလေ ကျတော့ ဖွင့်ကြည့်လိုက်တာနဲ့ကိစ္စကုန်သွားမယ်ဟာတွေ ထည့်ထားတယ်၊ စားစရာတွေရလို့ သွားမစားနဲ့ အ  ဆိပ်ပါတဲ့အစားအစာတွေ ကျနော်တို့စီစဉ်ထားတယ်။ ဆရာဝန်တစ်ဦးဖြစ်လို့ လူမသ

တ်ချင်ပေမယ့်လည်း တွန်းပို့သူတွေရှိလို့လုပ်နေရတာပါလို့ ဒေါက်တာဇော်ဝေစိုးက ပြောဆိုထားဟန်တွေပါရှိပါတယ်။


ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါက်တာဇော်ဝေစိုးကို ဆက်သွယ်မေးမြန်းရာမှာတော့ ချင်းပြည်နယ် မင်းတပ်မှာ စစ်ကောင်စီတပ်တွေက်ခိုက်လို့ စစ်ပြေးရှောင် ဒုက္ခသည်တွေအတွက် အစာနဲ့ဆေး ကူညီဖို့  Zoom meetingမှာ ဒေါက်တာဇော်ဝေစိုးပြောထားတဲ့စကားတွေကို ဖြတ်ညှပ်ကပ်လုပ်ကာ နာမည်ဖျက်တာလို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *