PDF အဖွဲ့ဝင်လူငယ်လေးတစ်ဦးရဲ့ သေတမ်းစာ

တိုင်ပြည်ကိုကာကွယ်ဖို့ လူငယ်တစ်ချိူ့ဟာ ပြည်သူကာကွယ်ရေးတပ်မတော်ထဲဝင်ခဲ့ကြပါတယ်။ အခုဆိုရင်ရှေ့တန်းမှာကျဆုံးသွားခဲ့ရတဲ့ PDF အဖွဲ့ဝင်လူငယ်လေးများလည်းရှိနေခဲ့ပါတယ်။

ရှေ့တန်းမှာရောက်နေတဲ့ PDF အဖွဲ့ဝင်လူငယ်လေးတစ်ဦးဟာ သူရဲ့သေတမ်းစာကိုအခုလိုရေးသားခဲ့ပါတယ်။

ရှေ့တန်းရောက်နေပြီဆိုတော့ ဘဝကမသေချာတော့ဘူး သူငယ်ချင်းတို့ ငါအသက်ရှင်နေသရွေ့တော့ တော်လှန်နေအုံးမှာပဲ၊ ငါကြောက်တာတစ်ခုက သေမှာမဟုတ်ဘူး၊ ငါသေသွားလို့ ဒီတော်လှန်ရေးမအောင်မြင်တော့မှာကိုစိုးတယ်။ အခုဆိုသွေးအေးသွားကြတဲ့လူတွေအများကြီး၊ငါတို့မှာလည်းမိဘတွေ ကိုယ်ချစ်တဲ့သူတွေကိုထားခဲ့ရပြီးတိုင်ပြည်အတွက်ကာကွယ်ပေးနေကြတာ၊

အခုငါရေးတဲ့စာတောင် အဆုံးထိ ဖတ်ကျမယ်မထင်တော့ဘူး..ငါတို့တွေအင်အားတစ်ခုနဲ့ပါဝင်ပေးကြမယ်ဆိုရင် ငါတို့ဘေးမှာကျသွားတဲ့ ညီငယ်လေးတွေကိုမဆုံးရှုံးရတော့ဘူး၊ဒါပေမဲ့ အားလုံးပါဝင်ပေးကြပါလို့တောင်းဆိုတာဟာ မဖြစ်နိူင်တဲ့အရာတစ်ခုပါကွာ၊ ငါတိုက်ပွဲမှာကျသွားခဲ့ရင် ငါ့မိဘကိုဆောင့်ရှောက်ပေးပါ အလှူငွေတွေထည့်ပြီးလှူပေးပါလို့ငါမတောင်းဆိုဘူး၊ ငါတောင်းဆိုချင်တာတစ်ခု ဒီပွဲကိုနိူင်အောင်တိုက်ပေးကြပေးပါ။ အခုတစ်ချိူ့ဆိုပုံမှန်အလုပ်လေးတွေပြန်လုပ် ကျောင်းတတ်သူကတတ် ရုံးတတ်သူကတတ်၊ ကလပ်သွားလိုက်၊ ဘားသွားလိုက်နဲ့ ဖြစ်ကုန်ကြပြီဟာ၊ အဲ့တာတွေမြင်ရတာ တောထဲရောက်နေတဲ့ ငါတို့စိတ်မကောင်းဘူးဆိုပြီး ရေသားထားတာကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *