အာဏာသိမ်းစစ်ကောင်စီကို တရားဝင်ဖြစ်အောင် တရုတ် ကြိုးစားပေးနေ
ဇွန် ၉
တရုတ်နိုင်ငံ ချုံချင့်မြို့မှာ ပြုလုပ်နေတဲ့ လန်ချန်း–မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (၆) ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး မှာ စစ်ကောင်စီက ဝဏ္ဏမောင်လွင် နှင့် တရုတ်နိုင်ငံကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ကပူးတွဲ သဘာပတိအဖြစ်ပြုလုပ်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံနဲ့အာဆီယံနိုင်ငံ တွေက စစ်ကောင်စီကို တရားဝင်ဖြစ်အောင်ကြိုစားဆောင်ရွက်ပေးနေတယ်လို့ပြည်တွင်း ပြည်ပ နိုင်ငံတကာအသိုင်း အဝိုင်းက သုံးသပ်ထားကြပါတယ်။
ဒီအစည်းအဝေးကို သက်ဆိုင်တဲ့ နိုင်ငံတွေဖြစ်တဲ့ မြန်မာ ၊ တရုတ် ၊ လာအို ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား နဲ့ထိုင်းနိုင်ငံတို့ကတက်ရောက်ခဲ့ကြပါတယ်။
လန်ချန်း–မဲခေါင် ပူးပေါင်းဆောင်ရွက်မှုမှာ ၅ နှစ်တာကာလအတွင်း အတွေ့အကြုံတွေကို ခြုံငုံသုံးသပ်ပြီး နောက်တစ်ဆင့် အဓိကပူးပေါင်းဆောင်ရွက်ဖို့ စီမံချက်များ ချမှတ်ခဲ့တယ်လို့သိရပါတယ်။
Zawgyi/