တံတာအမည်တစ်ခုပြောင်းနိူင်ခဲ့သည့် အာဏသိမ်းစစ်ခေါင်းမှ ၄လကျော်မှာတိုင်းပြည်တိုးတတ်ပြောင်းလဲလာကြောင်း ပြော

တံတာအမည်တစ်ခုပြောင်းနိူင်ခဲ့သည့်  အာဏသိမ်းစစ်ခေါင်းမှ ၄လကျော်မှာတိုင်းပြည်တိုးတတ်ပြောင်းလဲလာကြောင်း ပြော

အာဏာသိမ်း လကျော်ကာလအတွင်း တိုင်းပြည်တိုးတက်ပြောင်းလဲလာကြောင်းနဲ့ ဘဏ္ဍာရေးနှစ် အသစ်ပြန်လည်ပြင်ဆင် သတ်မှတ်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ဇွန်လ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောပါတယ်။

မိမိတို့အနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်အား တာဝန်ယူ ဆောင်ရွက်မှုဟာ လကျော်ကာလအထိ ရောက်ရှိလာပြီဖြစ်ပြီး တိုးတက်ပြောင်းလဲမှုတွေ ရှိသကဲ့သို့ စိန်ခေါ်မှု တချို့လည်းရှိနေသေးတယ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်သို့ရောက်ရှိခဲ့ပြီး ပြည်သူတွေအနေနဲ့ တည်ငြိမ် အေးချမ်းစွာ သွားလာလှုပ်ရှားနေကြတာတွေ့ရတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ယခင်အစိုးရက ဘဏ္ဍာရေးနှစ် အသစ်ပြန်လည်ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း  ဒီကာလသတ်မှတ်ချက်က  နိုင်ငံတော်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စိုက်ပျိုးတောင်သူတွေအတွက် အဆင်မပြေမှုတွေ များစွာဖြစ်ပေါ်ခဲ့ရတာကြောင့် နိုင်ငံနဲ့ လိုက်လျောညီထွေဖြစ်စေဖို့ ပြန်လည် ပြင်ဆင်သတ်မှတ်မယ်လို့လည်း  အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါပေမဲ့ ဘယ်လိုပြင်ဆင်သတ်မှတ်မယ် ဘယ်တော့  ပြင်ဆင်သတ်မှတ်မယ်ဆိုတာတော့ အသေးစိတ် ပြောဆိုခြင်းမရှိပါဘူး။

စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကတော့  နှစ်အလိုက် ပြက္ခဒိန်နှစ်မှာ  အများပြည်သူ ရုံးပိတ်ရက်တွေသတ်မှတ်ခဲ့မှု အခြေအနေနဲ့ ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်တဲ့ ကိစ္စရပ်တွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *