ဗိုလ်ချုပ်ရုပ်ရှင်ကို သူမပါဘဲရိုက်ကူးဖို့စီစဉ်တာကို သဘောမတူဘူးကြောင်း လူမင်းက ပြောခဲ့တယ်လို့ ဂျပန်သတင်းထောက် ပြောကြား

ဗိုလ်ချုပ်ရုပ်ရှင်ကို သူမပါဘဲရိုက်ကူးဖို့စီစဉ်တာကို သဘောမတူဘူးကြောင်း လူမင်းက ပြောခဲ့တယ်လို့ ဂျပန်သတင်းထောက် ပြောကြား

လူမင်းသဘောမတူဘဲ ဘာမှဆက်လုပ်ဖို့မရှိဘူးလို့ ပန်းချီစိုးမိုးပြောဗိုလ်ချုပ်ရုပ်ရှင် သူမပါဘဲ ဆက်လက်ဆောင်ရွက်ဖို့ သဘောမတူဘူးလို့ ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာလူမင်းကပြောကြားကြောင်း ဂျပန်သတင်းထောက် ယူကီကီတဇုမိကပြောကြားလာပါတယ်။

ဂျပန်သတင်းထောက်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်ညပိုင်းက ရန်ကုန်က နေအိမ်မှာ ဒုတိယအကြိမ်ဖမ်းဆီးခံခဲ့ရပြီးအင်းစိန်ထောင်ကို ပို့ဆောင်ခံခဲ့ရပါတယ်။

သူ့အဆိုအရ အဲဒီ အင်းစိန်ထောင်မှာ သရုပ်ဆောင်ဒါရိုက်တာလူမင်းနဲ့အတူ တိုက်တစ်တိုက်တည်း ပတ်ကျော်အတူနေထိုင်ခဲ့တယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

ကျွန်တော် အင်းစိန်ထောင်ထဲမှာ ဒါရိုက်တာလူမင်းနဲ့တွေ့ဆုံခဲ့တဲ့အချိန်မှာ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်တွေကို ကြားသိခဲ့ရပါတယ်။

စစ်ကောင်စီက ရုပ်ရှင်ထုတ်လုပ်ရေးကို ဆက်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့သိရပြီး နောက်ဆုံးအဆင့် လက်စသတ်နေတဲ့အဆင့်လို့ ကြားသိရပြီး ဒါရိုက်တာလူမင်းမပါဘဲ ဆက်လက်ထုတ်လုပ်ဖို့ ကြိုးစားနေတာကို သတင်းမီဒီယာတွေမှာဖော်ပြချက်အရ သိရတယ်လို့ ဂျပန်သတင်းထောက် ကဆက်ပြောပါတယ်။

အဲဒီကိစ္စကို ဒါရိုက်တာလူမင်းက ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချနေပြီး ထောင်ထဲမှာ လူမင်းက ရုပ်ရှင်နဲ့ပတ်သက်ပြီးအကျိုးအကြောင်း ရှင်းပြခဲ့တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီရဲ့ဒီလိုမတရားလုပ်တာကို လုံးဝမခံနိုင်ဘူး။ ကျွန်တော်လုံးဝအရှုံးပေးဘူး။ Never လို့ ကိုလူမင်းကပြောပါတယ်။ စစ်ကောင်စီက ဖွဲ့လိုက်တဲ့ရုပ်ရှင်ကော်မတီအသစ်က ရုပ်ရှင်ကို ဖန်တီးမယ်ဆိုရင် သူတို့စိတ်ကြိုက်ကြိုက်သလို တည်းဖြတ်ဖန်တီးတာပဲဖြစ်မှာပါ။ ကျွန်တော်လုံးဝအရှုံးပေးလက်လျှော့မှာမဟုတ်ဘူးလို့ လူမင်းကကျွန်တော့်ကိုပြောပါတယ်။ ကျွန်တော်ထင်တာကတော့ ကိုလူမင်းက ဗိုလ်ချုပ်ရုပ်ရှင်ကို စစ်ကောင်စီက သူတို့ရဲ့ဝါဒဖြန့်တဲ့နေရာမှာ အသုံးချခြင်းခံရမှာကို စိုးရိမ်နေတယ်လို့ ထင်ပါတယ်လို့ သတင်းထောက် ယူကီ ကီတဇုမိကပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *