ဒေါ်အောင်ဆန်းစုကြည်၏ မွေ့နေ့ အကြိုပွဲ ကျင်းပမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၆ နှစ် ပြည့်မွေးနေ့  အထိမ်းအမှတ် မွေးနေ့အကြိုပွဲကို ဇွန်လ ၁၆ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပဖို့  နော်ဝေနိုင်ငံ Froland မြို့ရှိ   Aung San Suu Kyi Park Committee က စီစဉ်နေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးနဲ့ နွေဦးတော်လှန်ရေးအရေးတော်ပုံကို ပိုမိုအာရုံစိုက်လာစေဖို့နဲ့   ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တကွအားလုံး အမြန်ဆုံး လွတ်မြောက်ရေးအတွက် တကမ္ဘာလုံးက စာနာထောက်ထားမှုနဲ့  အလေးအနက်  တောင်းဆိုကြဖို့ရှိတယ်လို့ နော်ဝေနိုင်ငံမှာ သီတင်းသုံးနေတဲ့ ဆရာတော် အရှင်ထာဝရက မိန့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အကြိုပြုလုပ်မယ့်ပွဲကို NUG နိုင်ငံတော်ဒုသမ္မတက သဝဏ်လွှာပေးပို့သွားမှာဖြစ်ပြီး နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်းလည်း တက်ရောက်ဖို့ ရှိနေပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *