မြန်မာ့အခြေအနေ တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးစိုးရိမ်

မြန်မာ့အခြေအနေ တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးစိုးရိမ်

မြန်မာနိုင်ငံ၏ အခြေအနေသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း တရုတ်နိုင်ငံခြားရေး Mr.Wang Yi က ပြောဆိုသည်။

ယမန်နေ့ တရုတ်အာဆီယံ အထူးအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

တရုတ်အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ကျင်းပစဉ်၌ လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ကိုထုတ်ဖော်ပြောဆိုခဲ့ည်။

Mr. Wang Yi က မြန်မာနိုင်ငံသည် အာဆီယံမိသားစုကြီး၏ မိသားစုဝင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပြည်တွင်းအရေးကို ကောင်းမွန်စွာဖြေရှင်းနိုင်ရန်အတွက် အာဆီယံမှ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ခြင်းကိုတရုတ်နိုင်ငံမှ ထောက်ခံအားပေးကြောင်း၊ အာဆီယံမူဘောင်အောက်၌သဘောတူညီချက် ချက်ကိုဆက်တိုက် အကောင်အထည်ဖော်ဆောင်ရန် ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိသော အိမ်နီးချင်းလည်းဖြစ်ပြီး မြန်မာနိုင်ငံအခြေအနေသည် တရုတ်နိုင်ငံ၏အကျိုးစီးပွားနှင့် တိုက်ရိုက်သက်ဆိုင်နေကြောင်း၊ တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအခြေအနေကို များစွာဂရုပြုလျက်ရှိပြီး မိမိ၏နည်းလမ်းဖြင့် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားပါသည်။

Mr. Wang Yi က တရုတ်နိုင်ငံနှင့် အာဆီယံသည် မြန်မာနိုင်ငံအရေးနှင့်စပ်လျဉ်း၍ ရပ်တည်ချက်နှင့် ထင်မြင်ယူဆချက်များ ယေဘုယျအားဖြင့် တူညီကြောင်း၊ မိမိတို့သည် အာဆီယံနှင့် ဆက်လက်ပူးပေါင်း၍ မြန်မာ့နယ်ပယ်အသီးသီးအား ပြည်သူလူထုအကျိုးစီးပွားကို အဓိကထားပြီး တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရန်၊ အကြမ်းဖက်မှု အသီးသီးကို ဖယ်ရှားရန် အတူတကွ တွန်းအားပေးလိုကြောင်း၊ မြန်မာ့နယ်ပယ်အသီးသီးအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အောက်၌ နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်၍ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းကို ပြန်လည်စတင်ရန် အတူတကွအားပေးလိုကြောင်း၊ “ကုလသမဂ္ဂပဋိညာဉ်စာတမ်းရည်ရွယ်ချက်နှင့် မူဝါဒများကို လိုက်နာရန် အတူတကွတိုက်တွန်းပြီး တစ်ဖက်သက်ကန့်သတ်အရေးယူမှုနှင့် မသင့်လျော်သည့် ကြားဝင်မှုများ မဖြစ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အထက်ပါသဘောတူညီချက်ငါးချက်သည် တရုတ်နိုင်ငံနှင့် အာဆီယံ၏ တတ်နိုင်သမျှ ဆောင်ရွက်နိုင်မှုဖြစ်ပြီး  မြန်မာနိုင်ငံအတွက်လည်း များစွာအရေးပါကြောင်း၊ အပြန်အလှန်ဆက်စပ်နေပြီး ပြိုင်တူဆောင်ရွက်နိုင်ကြောင်း၊ လက်ရှိအတွက်လည်း အာရုံစိုက်ပြီး ရေရှည်အတွက်လည်း ထည့်သွင်းစဉ်းစားထားကြောင်း၊ နှစ်ဦးနှစ်ဖက်၏ သဘောတူညီမှုနှင့်ကြိုးပမ်းရန် ဦးတည်ချက်လည်း ဖြစ်သင့်ကြောင်း ပြောကြားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *