မြန်မာနှင့်အာဆီယံ သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တရုတ်ဘက်က အားပေးထောက်ခံဟု ထုတ်ပြန်

မြန်မာနှင့်အာဆီယံ သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တရုတ်ဘက်က အားပေးထောက်ခံဟု ထုတ်ပြန်

မြန်မာနှင့် အာဆီယံ သဘောတူ ညီချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် တရုတ်ဘက်က ထောက်ခံအားပေးကြောင်း၊ တရုတ်ဘက်သည် ၎င်းအတွက် အပြုသဘောရှိသော အခန်းကဏ္ဍကို ဆက်လက် ပါဝင်ဆောင်ရွက်စေရန် ဆန္ဒရှိပါကြောင်းကို ဆွေးနွေးခဲ့သည်ဟု ဇွန် ရက်တွင် Chinese Embassy in Myanmar က ထုတ်ပြန် သည်။

အဆိုပါထုတ်ပြန်ချက်၌ဇွန် ရက်တွင် မြန်မာနိုင်ငံ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်နေပြည်တော်၌ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Mr. Chen Hai နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ ပြည်တွင်း အခြေအနေကို မိတ်ဆက်ရှင်းပြ၍ မြန်မာဘက်သည် နိုင်ငံတော် တည်ငြိမ်ငြိမ်းချမ်းရေးနှင့် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ဒီမိုကရေစီနှင့်တရားဥပဒေစိုးမိုးရေးကို ကာကွယ်စောင့်ရှောက်နေပါကြောင်း၊ မြန်မာဘက်သည် ပြည်တွင်းအခြေအနေ တည်ငြိမ်စေပြီး သက်ဆိုင်ရာသဘောတူညီချက်များကို ညှိနှိုင်းဆောင်ရွက်ရန် အာဆီယံနှင့်အတူ ကြိုးပမ်းအားထုတ်သည့်ဆန္ဒရှိပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးကြီးသော အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာဘက်ကတရုတ်ဘက်နှင့် ထိတွေ့ဆက်ဆံမှုကို ဆက်လက်ထားရှိရန် ဆန္ဒရှိပါကြောင်းကို ဆွေးနွေးခဲ့သည်။

သံအမတ်ကြီး Mr. Chen Hai သည် တရုတ်ဘက်သည် တရုတ်မြန်မာချစ်ကြည်ရေးကို မြတ်နိုးအလေးထားပြီးမြန်မာနိုင်ငံအခြေအနေ မြန်နိုင်သလောက် တည်ငြိမ်ငြိမ်းချမ်းစေရန် စိတ်ရင်းစေတနာဖြင့် မျှော်လင့်နေပါကြောင်း၊နှစ်ဦးနှစ်ဖက်သည် တရုတ်မြန်မာဆက်ဆံရေးနှင့်ကိုဗစ် ပူးပေါင်းကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း စသည်တို့ကိုအမြင်ချင်းဆွေးနွေးဖလှယ်ခဲ့ပါသည်ဟု ပါရှိသည်။

သတင်းတောက်ထွန်းနီ

Leave a Reply

Your email address will not be published. Required fields are marked *