တိုးတက်မှုမရှိတဲ့ မြန်မာအခြေအနေ စင်ကာပူ စိတ်ပျက် ကြောင်း ဝေဖန်ပြောဆို
မြန်မာနိုင်ငံမှာ အခုချိန်အထိ တိုးတက်မှုသိပ်ကို နှေးကွေးနေတဲ့အတွက် စိတ်ပျက်ရတယ်လို့ မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးနေတဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်သလို စစ်တပ်အနေနဲ့အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ သဘောတူထားတဲ့ အတိုင်း နိုင်ငံရေးဆွေးနွေးမှုတွေ စတင်ဖို့ပါ တောင်းဆိုလိုက်ပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး မြန်မာ့အရေးအဖြေရှာဖို့ အာဆီယံအဖွဲ့ကြီးရဲ့ ကြိုးပမ်းမှုကိုကုလသမဂ္ဂကရော အနောက်နိုင်ငံတွေ အပြင် တရုတ်အစိုးရကပါ ထောက်ခံပြီး ပံ့ပိုးပေးနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တိုးတက်မှုက သိပ်ကိုနှေးကွေးလွန်နေတာကြောင့် စိတ်ပျက်ရကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးVivian Balakrishnan က တနင်္လာနေ့မှာ ပြောကြားလိုက်သလို မြန်မာနိုင်ငံကိုယ်တိုင်က စစ်မှန်တဲ့ ညှိနှိုင်းမှုတွေ၊ဆွေးနွေးမှုတွေနဲ့ ပြန်လည်သင့်မြတ်မှုတွေ တကယ်လိုချင်မှသာ တကယ်ဖြစ်လာနိုင်မယ်လို့ ပြောပါတယ်။