ဖမ်းဆီးခံခဲ့ရတာ၂လပြည့်ပြီဖြစ်တဲ့ ဆရာဖြစ်သူလူရွှင်တော်ဇာဂနာကို ယနေ့အချိန်ထိတစ်ရက်မှမေ့မရသေးကြောင်း ဖွင့်ဟပြောလာတဲ့ငှက်ပျောကြော်

ဖမ်းဆီးခံခဲ့ရတာ၂လပြည့်ပြီဖြစ်တဲ့ ဆရာဖြစ်သူလူရွှင်တော်ဇာဂနာကို ယနေ့အချိန်ထိတစ်ရက်မှမေ့မရသေးကြောင်း ဖွင့်ဟပြောလာတဲ့ငှက်ပျောကြော်

အနုပညာရှင်တွေများစွာကတော့ အမှန်တရားဘက်ကနေ ရပ်တည်နေပြီး ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးကို ဆင်နွှဲခဲ့ကြပါတယ်။ နွေဦးတော်လှန်ရေးအတွင်းပါဝင်ခဲ့တာကြောင့် နာမည်ကြီးအနုပညာရှင်တစ်ချို့ထိန်းသိမ်းခံခဲ့ရပါတယ်။ သရုပ်ဆောင်ပြေတီဦး၊အူဝဲ၊ရဲတိုက်၊ပိုင်တံခွန်၊ပိုပိုနဲ့ မေတိုးခိုင်တို့ဟာလည်းခံခဲ့ရပြီး ပြည်သူတွေကတော့ အဆိုပါထိန်းသိမ်းခံခဲ့ရတဲ့ အနုပညာရှင်တွေအတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အနုပညာရှင်တွေထဲမှာ လူရွှင်တော်ဇာဂနာလည်းတစ်ယောက်အပါအဝင်ဖြစ်ပြီး ဧပြီလ ရက်နေ့နံနက်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ ငှက်ပျောကြော်ကတော့ ယခုမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ၂လပြည့်ပြီဖြစ်တဲ့ ဆရာဖြစ်သူလူရွှင်တော်ဇာဂနာကို ယနေ့အချိန်ထိ တစ်ရက်မှမေ့မရသေးကြောင်း ဖွင့်ဟလိုက်ပါတယ်။ ငှက်ပျောကြော်ကတော့ဆရာသမားနှစ်လပြည့်ပြီစ်နေ့မှမမေ့ပါဆိုပြီး ဇာဂနာနဲ့အတူရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

ပြည်သူတွေကတော့ လူရွှင်တော်ဇာဂနာတစ်ယောက်ကျန်းမာပါစေ၊အမြန်ဆုံးပြန်လွတ်မြောက်ပါစေဆိုပြီး ဆုမွန်ကောင်းတောင်းပေးနေကြပါတယ်။ လူရွှင်တော်ဇာဂနာနဲ့ငှက်ပျောကြော်တို့ကတော့ ဇာတ်ကားတွေကိုလည်း အတူရိုက်ကူးခဲ့ကြသူတွေဖြစ်သလို အပြင်လက်တွေ့မှာလည်း ခင်မင်ရင်းနှီးကြတဲ့ အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။လူရွှင်တော်ဇာဂနာနဲ့ ငှက်ပျောကြော်တို့ရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *