မင်းအောင်လှိုင်ဦးဆောင်သည့် စကစအဖွဲ့ အားလူရာမသွင်း၍ ILO ညီလာခံ တက်ခွင့်မရ
မင်းအောင်လှိုင်ဦးဆောင်တဲ့ စကစအဖွဲ့ အနေနဲ့ ILO ရဲ့ ၁၀၉ကြိမ်မြောက်အထွေထွေညီလာခံမှာ စစ်ကောင်စီကနေ တင်သွင်းတဲ့ မြန်မာနိုင်ငံကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အသစ် တက်ရောက်ခွင့်မရဘူးလို့သိရပါသည်။
မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အခြေအနေအရပ်ရပ်ကို ဆန်းစစ်သုံးသပ်ပြီးမှအစိုးရတရပ်ရဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံမှုရှိမရှိ စိစစ်တဲ့ Credential Committee က ခုလို အဆုံးအဖြတ်ပေးခဲ့တာပါ။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM Myanmar) နဲ့ အမျိုးသားညီညွှတ်ရေးအစိုးရNUG ဘက်ကလည်း စစ်ကောင်စီဘက်က တင်သွင်းတဲ့ ကိုယ်စားလှယ်တွေလက်မခံဖို့ ILO ကို အသီးသီးကန့်ကွက်စာတင်ထားကြတာပါ။
WHO ရဲ့ ပြီးခဲ့တဲ့ အထွေထွေညီလာခံမှာလည်း မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေတွေကြောင့် မြန်မာကိုယ်စားပြုတက်ရောက်ခွင့်မရခဲ့ပါဘူး။