“ကျွန်မနေရာကို ယူဖို့ ကျွန်မ ခေါင်းဆောင်တစ်ယောက်မလိုချင်ဘူး၊ ခေါင်းဆောင်တွေ မြောက်မြားစွာလိုချင်တယ်”

“ကျွန်မနေရာကို ယူဖို့ ကျွန်မ ခေါင်းဆောင်တစ်ယောက်မလိုချင်ဘူး၊ ခေါင်းဆောင်တွေ မြောက်မြားစွာလိုချင်တယ်”

ကျွန်မနောက်မှာ ကျွန်မနေရာ ကျွန်မအရိုက်အရာကိုခံမဲ့ ခေါင်းဆောင်တစ်ယောက် သတ်မှတ်ပေးပါ၊ ရှာပေးပါလို့ ထောင်ပြတဲ့ ပိုစတာတွေမြင်တယ်။ ကျွန်မပြောချင်တယ်။ ကျွန်မနေရာကိုယူဖို့ ကျွန်မ ခေါင်းဆောင်တစ်ယောက်မလိုချင်ဘူး။ ခေါင်းဆောင်တွေ မြောက်မြားစွာလိုချင်တယ်။

ကျွန်မတို့ ခေါင်းဆောင်တစ်ယောက်ယောက်ကိုပဲ မမျှော်နဲ့။ လူတိုင်းလူတိုင်းဟာ ခေါင်းဆောင်ဖြစ်နိုင်တဲ့ အရည်အချင်းတွေကို မွေးမြူကြပါ။ လူတိုင်းလူတိုင်းဟာ ငါတို့လည်း တစ်နေ့တစ်ခါမှာ ကောင်းတဲ့ ခေါင်း ဆောင်တွေဖြစ်နိုင်တယ်ဆို့တဲ့ စိတ်ဓာတ်တွေမွေးကြပါ။

ဒါမှ ကျွန်မတို့ ဒီမိုကရေစီရမှာ။ လူတစ်ဦးတစ်ယောက်ကို သိပ်ပြီးအားကိုးတာဟာ ဒီမိုကရေစီအတွတ် မကောင်းဘူး။

ပြည်သူတွေက ကျွန်မကိုအားကိုးတာ ကျွန်မ ဒီအားကိုးတဲ့ဟာကို မခံနိုင်လို့မဟုတ်ဘူး။ ကျွန်မ တာဝန်ခံရဲတယ်။ တာဝန်ယူရဲတယ်။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ဘယ် တော့မှ လူတစ်ယောက်တည်းကို ပုံအောပြီး အားမကိုးပါနဲ့။

ဒါဟာ ဒီမိုကရေစီအတွက် မကောင်းပါဘူး။ ကျွန်မကိုလည်း ပုံအောပြီး အားမကိုးပါနဲ့။ ကျွန်မအတတ်နိုင်ဆုံး ကြိုးစားမှာပဲ။

အတတ်နိုင်ဆုံးကြိုးစားတာထက် ကျွန်မ ပိုပြီးမလုပ်နိုင်ဘူး။ ဒါပေမဲ့ ဒီမိုကရေစီပေါ်မှာ စေတနာရှိလို့ ပြည်သူအပေါ်မှာစေတနာရှိလို့ ကျွန်မ သတိပေးပါရစေ။

ဘယ်တော့မှ ပုဂ္ဂိုလ်တစ်ဦးတည်းပေါ်မှာ ပုံပြီးတော့ အားမကိုးပါနဲ့။ ယုံကြည်တာ ယုံကြည်တာပဲ။ ဒါပေမဲ့ အားမကိုးပါနဲ့။ ကိုယ့်ကိုယ်ကို အားကိုးပါ။

ကျွန်မတို့ ပြည်သူတွေဟာ ကိုယ့်ကိုယ်ကို အားကိုးတဲ့ ပြည်သူတွေ ဖြစ်ပါစေ။

ဒေါ်အောင်ဆန်းစုကြည်၊ နတ်မောက်မြို့
၈ ရက် ဒီဇင်ဘာလ ၂၀၁၂၊ အမျိုးသားနေ့အောင်ပွဲမိန့်ခွန်းမှ

Leave a Reply

Your email address will not be published. Required fields are marked *