ရိုဟင်ဂျာ အရေးနှင့်ပတ်သက်သည့် NUGအစိုးရ၏ မူဝါဒကို အမေရိကန် ကြိုဆို
ဇွန် ၇
ရိုဟင်ဂျာများအပေါ်ခွဲခြားဆက်ဆံမှုများနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများအား NUGဖြေရှင်းရန် ကတိကဝတ် မူဝါဒ ကို အမေရိကန်ကကြိုဆိုလိုက်တယ်လို့အမေရိကန် သမ္မတ ပြောရေးဆိုခွင့်ရှိသူ Ned Price က ပြောပါတယ်။
“အမျိုးသားညီညွတ်ရေးအစိုးရရဲ့ရိုဟင်ဂျာအရေး မူဝါဒထုတ်ပြန်ကြေညာချက်ကို ကျွန်ုပ်တို့သည်မြန်မာနိုင်ငံရှိလူအားလုံး၏အခွင့်အရေးများအတွက်ဆက်လက်ထောက်ခံအားပေးလျှက်ရှိသည်” ဟု ဆိုပါတယ်။