မြန်မာ့အရေးအကူအညီပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ကုလအထူးကိုယ်စားလှယ် တောင်းဆို

ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ခရစ်စ္စတင်း ရှာရာနာ ဘာဂနာနဲ့ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာတို့ သောကြာနေ့မှာ တွေ့ဆုံပြီး မြန်မာ့အရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မြန်မာပြည်တွင်း ပေါ်ပေါက်နေတဲ့ အဓိကရုဏ်းတွေကို ဖြေလျှော့ဖို့အတွက် ထိုင်းနိုင်ငံအနေနဲ့ မြန်မာစစ်တပ်နဲ့လက်တွဲအလုပ်လုပ်ဖို့ နည်းလမ်းတွေကို ရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း ကုလ အထူးကိုယ်စားလှယ်ကထိုင်းဝန်ကြီးချုပ်ကို တိုက်တွန်းပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ထိုင်းအစိုးရအနေနဲ့ အကျိုးရှိနိုင်မယ့် သတင်းချက်အလက်တွေကို အပြန်အလှန် မျှဝေဖို့ နားဆင်ဖို့ အဆင်သင့်ပဲလို့ဝန်ကြီးချုပ် ချန်အိုချာက တုံ့ပြန်ပြောဆိုခဲ့တယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘေးကင်းလုံခြုံရေးအတွက် ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေးလာသူတွေအပါအဝင်ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပေးအပ်ဖို့ကိုလည်းဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

Leave a Reply

Your email address will not be published.