ဘုံသဘောတူချက်ကိုတောင်စကားမတည်နိူင်သေးတဲ့ မြန်မာစစ်ခေါင်းဆောင် အာဆီယံနဲ့ လက်တွဲလုပ်ဖို့ ဆန္ဒရှိကြောင်း ပြောဆို

ဘုံသဘောတူချက်ကိုတောင်စကားမတည်နိူင်သေးတဲ့ မြန်မာစစ်ခေါင်းဆောင် အာဆီယံနဲ့ လက်တွဲလုပ်ဖို့ ဆန္ဒရှိကြောင်း ပြောဆို

ပြည်တွင်းတည်ငြိမ်မှု ရရှိရေးအတွက် အရှေ့အောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ဆန္ဒရှိကြောင်း မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Lim Jock Hoi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ ဇွန်လ ရက်နေ့က နေပြည်တော်မှာ တနာရီကျော်ကျော်လောက် တွေ့ဆုံခဲ့ကြတာပါ။

အာဆီယံကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ အခြေအနေတွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai နဲ့ ဇွန်လ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် မင်းအောင်လှိုင်က တရုတ်သံအမတ်ကို ပြောကြားခဲ့တာပါ။တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို မင်းအောင်လှိုင်က တရုတ်သံအမတ်ကို ပြောပြခဲ့ကြောင်း ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တွေ့ဆုံမှုအတွင်း မြန်မာနဲ့ အာဆီယံအကြားက သဘောတူညီချက်တွေကိအကောင်အထည်ဖော်ဖို့ တရုတ်ဘက်ကအားပေးကြောင်း၊ အဲဒီအတွက် တရုတ်ဘက်ကလည်း အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ကူညီ ပါဝင်ပေးသွားမှာကြောင်း သံအမတ်ကြီး Chen Hai က ပြောကြားခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တရုတ်နိုင်ငံတို့ ဇွန်လ ရက်နေ့မှာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံကျင်းမြို့မှာ မတွေ့ဆုံခင် တရုတ်သံအမတ်ကြီးနဲ့ မြန်မာစကစခေါင်းဆောင်တို့ တွေ့ဆုံတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.