တရုတ်နိုင်ငံနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇွန်လ ၇ ရက်၊ တနင်္လာနေ့မှာတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံကင်းမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး၀မ်ရိ နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကမြန်မာ့အကျပ်အတည်း၊ အာဆီယံရဲ့အစီအစဉ် အပါအ၀င် ဒေသတွင်းနဲ့နိုင်ငံတကာရေးရာကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်ဖို့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ဖွယ်ရှိပါတယ်။
အစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ကိစ္စနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်နိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။