ကျဆုံးသွားခဲ့တာ(၂)လတိတိပြည့်သွားပြီဖြစ်တဲ့ သူရဲကောင်း မောင်ထက်မြက်အောင်

ရက်မှလတွေသို့ အလီလီပြောင်းရွှေ့လာပေမယ့် ကျဆုံးသွားတဲ့သူရဲကောင်းတွေကိုတော့ ပြည်သူလူထုက အမြဲသတိရနေကြတာဖြစ်ပါတယ်။မိမိတို့ရဲ့အသက်ကိုစွန့်လွှတ်ပြီး ပါဝင်အားဖြည့်ပေးသွားကြတဲ့ သူရဲကောင်းတွေရဲ့ရဲစွမ်းသတ္တိကို သမိုင်းတွင်ကျန်ရစ်နေအောင် လူတိုင်းရဲ့ရင်ထဲမှာမှတ်တမ်းတင်ထားကြတာဖြစ်ပါတယ်။

အခုချိန်ထိလည်း အသက်ပေးနေရတဲ့သူရဲကောင်းတွေရှိနေဆဲဖြစ်တာကြောင့် ကျဆုံးသူဦးရေ အယောက်(၇၀၀)ကျော်ရှိနေပြီဖြစ်ပါတယ်။

မတ်လ(၁၃)ရက်နေ့မှာ ပြည်မြို့က သူရဲကောင်းလေးမောင်ထက်မြက်အောင်ဆိုရင် ကျည်ထိမှန်ပြီး အချိန်မီဆေးကုသမှုမရရှိခဲ့တာကြောင့် သွေးထွက်လွန်ပြီး ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

မောင်ထက်မြက်အောင် ကျဆုံးချိန်မှာ အသက်(၁၉)နှစ်အရွယ်သာရှိသေးပြီး သန်လျင်၊ရေကြောင်းတက္ကသိုလ်က ပထမနှစ်ကျောင်းသားလေးပဲဖြစ်ပါတယ်။မောင်ထက်မြက်အောင်ရဲ့ သူငယ်ချင်းတွေခမျာမှာလည်း ညီအစ်ကိုတွေလိုပေါင်းသင်းလာကြတဲ့သူငယ်ချင်းအရင်းကြီးကို ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနာကျင်နေခဲ့ကြတာဖြစ်ပါတယ်။

ဒီနေ့ မေလ(၁၃)ရက်နေ့ကတော့ မောင်ထက်မြက်အောင် ကျဆုံးတာ()လတိတိပြည့်သွားတဲ့နေ့လေးဖြစ်ပါတယ်။

Zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *