CDM မလုပ်ဘဲ ကျောင်းတက်နေတဲ့ ကျောင်းသားများကို အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီး

 မေ ၁၄

ဒဂုံတက္ကသိုလ် ၊ ဓာတုဗေဒ ဌာနတွင် ကျောင်းတက်ရန် ရောက်ရှိနေသည့် ကျောင်းသား နှင့် သူငယ်ချင်း များ ကို တက္ကသိုလ်တွင်း မတရားကျူးကျော်တပ်စွဲထားသည့် မင်းအောင်လှိုင်အကြမ်းဖက်အဖွဲ့က ယနေ့ ဖမ်းဆီးခဲ့သည် ။

နားနေဆောင်အနီးပေါက်ကွဲမှုနှင့်စပ်လျဉ်း၍ နယ်မြေဝန်ထမ်းထွန်းဇော်မြင့်ဆိုသူက ကျောင်းတက်နေသူ ဓာတုဗေဒ ၊ စတုတ္ထနှစ်ကျောင်းသား နှင့် သူ၏ သူငယ်ချင်း ၂ ဦး ကို အကြောင်းပြချက်မဲ့ စွတ်စွဲသတင်းပို့ပြီး ရန်ကင်းဆောင်အနီး နှင့် ဓာတုဗေဒ အဆောင်အတွင်း တို့တွင် ၁၂ နာရီခန့်တွင် စစ်တပ်နှင့်ရဲက ဝင်ရောက်၍ အသီးသီးဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည် ။

အဆိုပါ ဖမ်းဆီးခံရသူ ၃ ဦးကို ရိုက်နှက်စစ်ဆေးမှုများပြုလုပ်နေကြောင်း အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည် ။

zawgyi/

Leave a Reply

Your email address will not be published. Required fields are marked *