NUG အစိုးရကို ထောက်ခံရန် ပြင်သစ်အမတ် ၄၀ ကျော်က ပြင်သစ်အစိုးရကို တောင်းဆို

NUG အစိုးရကို ထောက်ခံရန် ပြင်သစ်အမတ် ၄၀ ကျော်က ပြင်သစ်အစိုးရကို တောင်းဆို

ရန်ကုန်၊ ဇွန်

ပြင်သစ့်TOTAL ကုမ္ပဏီကို ဖိအားပိုမိုပေးဖို့နဲ့ NUG အစိုးရကို အသိအမှတ်ပြုထောက်ခံပေးဖို့အတွက် ပြင်သစ်ပါလီမန်အမတ် ၄၀ ကျော်တို့က ပြင်သစ်အစိုးရ တာဝန်ရှိသူများကို တောင်းဆိုလိုက်တယ်လို့ ပြင်သစ် နိုင်ငံရဲ့  ဩဇာ တိက္ကမ ရှိတဲ့ Le Monde သတင်စားကြီးမှာ ရေးသားဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖိနှိပ်မှုများနှင့် သေကျေဒဏ်ရာရရှိများ ဆက်လက်မြှင့်တက်လာချိန်မှာ ပြင်သစ်မြန်မာချစ်ကြည်ရေးအဖွဲ့ဥက္ကဌ Alain David နှင့်အထက် လွှတ်တော် ပြင်သစ်အရှေ့တောင်အာရှအဖွဲ့ရဲ့ မြန်မာ နိုင်ငံဆိုင်ရာကိုယ်စား လှယ် Joëlle Garriaud-Maylam တို့ ဦးဆောင်တဲ့ ပြင်သစ် လွှတ်တော် အမတ် တွေရဲ့တောင်းဆိုချက် အခုလိုထွက်ပေါ်လာခြင်းလည်း ဖြစ်ပါတယ်။

၄င်းတို့က တိုက်တွန်းတောင်းဆိုရာမှာ မြန်မာအကြမ်းဖက်စစ်တပ်ဟာ သက် သေတစုံတရာမရှိဘဲ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ NLD ပါတီကိုဖျက်သိမ်းဖို့အထိ ကြံစည်လုပ်ကိုင်နေတာ တွေ့ရပါတယ်။

ဒါကြောင့် တင်းကျပ်တဲ့အရေးယူမှုတွေကိုအမြန်ဆုံးအကောင်အထည်ဖော် လုပ်ဆောင်ဖို့လိုပါတယ်။ ဥရောပသမဂ္ဂ(EU) က စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက် (MEHL) မြန်မာ့ စီးပွားရေး ကော်ပို ရေး ရှင်း (MEC) နဲ့ စစ်အရာရှိကြီး ၂၁ ယောက်အပေါ် ချမှတ်ထားတဲ့ အရေးယူတွေကို ထောက်ခံ လိုက် ပြီး၊ ဒီထက်ပိုတဲ့ အရေးယူပိတ်ဆို့မှုများချမှတ်ရန်လိုကြောင်း၊ အထူးသဖြင့် ရေနံနဲ့ သဘာဝဓတ်ငွေ့ ကဏ္ဍ ကတဆင့် အကြမ်းဖက်စစ်တပ်မှဝင်ငွေမြောက်မြားစွာရရှိနေတဲ့အပေါ် အရေးယူပိတ်ဆို့နိုင် ဖို့အရေး ကြီး ကြောင်း ဆိုတာတွေလည်း ပါဝင်ပါတယ်။

ဥရောပသမဂ္ဂ (အီးယူ) အနေဖြင့် Total အပါအဝင် ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ကဏ္ဍကို ပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုများကို မြန်မာနိုင်ငံအပေါ် ချမှတ်နိုင်ရေး  ခိုင်ခိုင်မာမာ ဆက်လက် လုပ်ဆောင် သွားဖို့ကို အဆိုပါ ပြင်သစ်လွှတ်တော်အမတ်များက လိုလားနေကြတာလည်းဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုက ပြီးခဲ့သည်ဧပြီလမှာ မြန်မာအကြမ်းဖက်စစ်တပ်ထိမ်းချုပ်ထားတဲ့ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) မြန်မာ့သစ်လုပ်ငန်း (MTE) နှင့် မြန်မာ့ ပုလဲ လုပ်ငန်း(MPE) တို့ကို စီးပွားရေးပိတ်ပင်မှုများ ချမှတ်အရေးယူခဲ့ပါတယ်။

ဒါပေမဲ့  အမေရိကန် ရေနံကုမ္ပဏီကြီး Chevron ကာကွယ်လှုံဆော်မှုကြောင့်  မြန်မာ့ရေနံနဲ့သဘာဝ ဓာတ် ငွေ့လုပ်ငန်း (MOGE) ကိုတော့ ပိတ်ဆို့အရေးယူနိုင်ခြင်းမရှိခဲ့ကြောင်း Newyork Times သတင်းစာ ၏ရေးသားချက်ကို  Le Monde သတင်းစာက ကိုးကားဖော်ပြထားပါတယ်။

EU အနေနဲ့ အဆိုပါ မြန်မာစစ်တပ်ထိမ်းချုပ်ခံ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီး ခုအား အရေးယူ နိုင်ရေးမှာနှောင့်နှေးမှုများရှိနေပြီး၊ အထူးသဖြင့် MOGE ကို ပစ်မှတ်ထားပိတ်ဆို့မှုများကို ပြင်သစ် နိုင်ငံက ဦးဆောင်၍ အားထည့်ဆောင်ရွက်ပေးရန်လိုအပ်မည်ဆိုတာကိုလည်း ဆက်လက်ရေး သားထား ပါတယ်။

MOGE ဟာ သဘာဝဓတ်ငွေ့ရောင်းချခြင်းကနေ နှစ်စဥ်အမေရိကန်ဒေါ်လာ သိန်းပေါင်း သောင်းခွဲ လောက် ရရှိနေပြီး၊ ဒီငွေတွေဟာ အကြမ်းဖက်စစ်တပ်ထိမ်းချုပ်ထားတဲ့ နိုင်ငံခြားဘဏ်တွေဆီ ရောက်ရှိ သွားတယ်လို့လည်းဆိုပါတယ်။

နိုင်ငံတကာပိတ်ဆို့မှုများရှိခဲ့သော်လည်း ၈၈အရေးအခင်းအပြီး၊ ၁၉၉၀ ခုနှစ်အလွန်ကာလမှ အခု အချိန်အထိ စစ်အာဏာရှင်အစိုးရအဆက်ဆက် ဆက်လက်ရပ်တည်နေနိုင်ခဲ့တဲ့ အကြောင်းအရင်း တွေ ထဲ မှာ ဒီလိုသဘာဝဓာတ်ငွေ့ရောင်းချခြင်းကတဆင့် ရေနံကမ္ပဏီကြီးတွေဆီက ရရှိတဲ့ ဝင်ငွေတွေ က  အဓိကကျခဲ့တယ်လို့လည်း ဆိုပါတယ်။

ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့နှစ်သုံးဆယ် (၁၉၉၀ ခုနှစ်) လောက်က အမှားမျိုးကို နောက်တခါ ထပ်မ မှားသင့် တော့ပါဘူး လို့ Le Monde သတင်းစာကြီးကဆက်လက်ဖော်ပြထားပါတယ်။

မေလ ရက်ထုတ် Le Monde သတင်းစာမှ တွေ့ရှိထုတ်ဖော်ချက်အရ TOTAL ကုမ္ပဏီဟာ ပွင့်လင်း မြင်သာမှုလုံးဝမရှိတဲ့ ဘဏ္ဍာရေးဆိုင်ရာ စုဖွဲ့ပြင်ဆင်မှုများမှတဆင့် ရှယ်ယာ အမြတ်ငွေ အမြောက်အများကို မြန်မာစစ်ဗိုလ်ချုပ်ကြီးများအားပေးချေနိုင်ဖို့ အစီအစဥ်တခုပြင်ဆင်ထား ရှိထား ကြောင်း ထုတ်ဖော်ရေးသား ဖော်ပြခဲ့ပါတယ်။

အဲ့ဒီအစီအစဥ်တွေထဲမှာ မြန်မာစစ်တပ်နဲ့ဗိုလ်ချုပ်ကြီးတွေကိုအကျိုးအမြတ်များစွာရစေမဲ့ ဘာမြူဒါ ကျွန်း မှာတရားမဝင်ဖွင့်လှစ်ထားတဲ့ MOGE/ MGTL ရဲ့နိုင်ငံခြားငွေစာရင်းကိစ္စတွေလည်း ပါတယ်လို့ ဆို ပါ တယ်။

မြန်မာပြည်သူတွေကိုထိခိုက်နစ်နာစေတာကို ပေါ်လွင်စေတဲ့ ဒီတွေ့ရှိချက်တွေအပေါ် ပြင်သစ် ဂေဟ စနစ်အကူးအပြောင်းဆိုင်ရာ၀န်ကြီး Barbara Pompili ကဒီကိစ္စနဲ့ပတ်သက်ပြီးအပြည့်အဝ ပွင့်လင်းမြင်သာမှုရှိဖို့တောင်းဆိုလိုက်ပါတယ်။

ဒါဟာ ပြင်သစ်နိုင်ငံအနေနဲ့ ဒီကိစ္စကို ဆက်လက်နှုတ်ဆိတ်နေမှာမဟုတ်တော့ဘူးဆိုတာကို ပြသ လိုက် တာ လည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ဒီမိုကရေစီနည်းကျရွေး ကောက် တင်မြှောက်ထားတဲ့ အစိုးရပြန်တက်လာသည်အထိ စစ်အစိုးရကို ပေးချေရမဲ့ ငွေအားလုံး ဆိုင်းငံ့ထားဖို့ TOTAL အပါအဝင် ရေနံကုမ္ပဏီ ကြီးများကို  တောင်းဆိုထားကြပါတယ်။

TOTAL ကုမ္ပဏီဖက်ကတော့ မုတ္တမသဘာဝဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက် (MGTL) ကခွဲဝေပေးတဲ့အမြတ်ငွေများကိုဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပေမဲ့၊ ဒီပိုက် လိုင်း ရှယ်ယာ အမြတ်ငွေ ဟာ TOTAL ကအကြမ်းဖက်စစ်တပ်ကို ပေးချေနေရတဲ့ ငွေတွေနဲ့ယှဥ်ရင် အင်မတန် သေးငယ် တဲ့ ငွေပမာဏဖြစ်တယ်လို့ ဝေဖန်ထောက်ပြထားကြပါတယ်။

နိုင်ငံတကာကုမ္ပဏီတချို့ဟာ စစ်အစိုးရနှင့်ဆက်နွယ်မှုအားလုံးကို ဖြတ်တောက်လိုက်ပေမဲ့၊ တိုတယ် အုပ်စုကတော့ သူတို့ရဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေပါတယ်။

မြန်မာပြည်မှာဖြစ်နေတဲ့ အကြမ်းဖက်သွေးထွက်သုံယိုမှုတွေ အပြီးသတ်သွားစေဖို့အတွက်  ဒီမိုကရေစီ လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်းထောက်ခံဖို့လိုအပ်နေတဲ့အချိန်မှာ၊ TOTAL အုပ်စုဟာ အဲ့တာတွေ အတွက် မဟာဗျူဟာချမှတ် လုပ်ဆောင်ဖို့ကိုတွန့်ဆုတ်နေပါတယ်။

ဒါဟာ ကျင့်ဝတ် နဲ့ ပထဝီနိုင်ငံရေးမျှော်မှန်းချက် ဆိုင်ရာတွေအတွက် မေးခွန်းဖြစ်သလို၊ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ ပြသနာတခုလည်းဖြစ်ပါတယ်။ TOTAL ကုမ္ပဏီရဲ့လုပ်ရပ်တွေဟာ စစ်အစိုးရ ကိုဆန့်ကျင် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူလူထု၏ကြိုးပမ်းမှုများသာမက၊ ပြင်သစ်နိုင်ငံ ရဲ့အကျိုးစီးပွားတွေကိုပါထိခိုက်စေပါတယ် လို့ပြင်သစ်နိုင်ငံရဲ့  ဩဇာတိက္ကမရှိတဲ့ Le Monde သတင်းစာ ကြီးမှာ အကျယ်တဝင့် ဖော်ပြထားပါတယ်။

ကုလသမဂ္ဂမှလွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင်များကလည်းလူ့အခွင့်အရေး နဲ့လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ချိုးဖောက်မှုများကိုကျူးလွန်ထားတဲ့ မြန်မာစစ်တပ်ကို သူတို့ရဲ့လုပ်ရပ်များ အမြန်ဆုံး ရပ်တန့်သွားစေရေးအတွက် နိုင်ငံတကာစီးပွားရေးကုမ္ပဏီများအား အမြင့်ဆုံးဖိအားပေးလုပ်ဆောင်ဖို့တိုက်တွန်းပြောဆိုထားပါတယ်။

ဒါကြောင့် ပြင်သစ်နိုင်ငံအနေနဲ့လည်း တွေဝေမှုတစုံတရာမရှိပဲ ပြတ်သားတဲ့ရပ်တည်ချက်နဲ့ အရေးယူ ဆောင်ရွက်မှု များကို လုပ်ဆောင်သွားဖို့လိုပါတယ်။

ပြင်သစ်နိုင်ငံသားများအနေနဲ့လည်း မြန်မာပြည်သားများကဲ့သို့ ရဲရင့်ပြတ်သားရပါမယ်။ ပြင်သစ် အာဏာပိုင်အစိုးရအနေနဲ့ TOTAL  ကိုပိုမိုဖိအားပေးရန်နှင့် အခြားပစ်မှတ်ထားအရေးယူပိတ်ဆို့မှုများကိုအကောင်အထည်ဖော်ခြင်းအပါအဝင် မြန်မာစင်ပြိုင် NUGအစိုးရကိုအသိအမှတ်ပြု ထောက်ခံပေးခြင်း အားဖြင့်ပြည်သူများတန်ဖိုးထား မျှော်လင့်တဲ့လွတ်လပ်မှုနှင့်လူ့အခွင့်အရေးကာကွယ်ရေးဆိုင်ရာကိစ္စရပ်တွေမှာ ၎င်းရဲ့ဦးဆောင်မှုအခန်းကဏ္ဍကို ပြသရာရောက်မှာ ဖြစ်တယ်လို့လည်း Le Monde သတင်းစာကြီးက ရေးသားဖော်ပြထားပါတယ်။

News Source- Le Monde/ Photo- Nikkei Asia

Leave a Reply

Your email address will not be published. Required fields are marked *