ရန်ကုန်မြို့လည်ခေါင်ကြီးမှာဖုန်းအလုခံခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်အကြောင်းကိုအားလုံးသိအောင်ပြောပြလာတဲ့ ဒေါင်းဝေ
ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့ ဒေါင်းဝေကို ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ဒေါင်းဝေဟာ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေကိုသာမကသူ့ရဲ့တစ်နေ့
တာဖြစ်ပျက်သမျှကိုပါ ပရိသတ်တွေကို မျှဝေပေးလေ့ရှိသူဖြစ်ပြီး ဒီတစ်ခါမှာလည်း သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သတိထားရမယ့်ကိစ္စတစ်ခုကို ဝေမျှပြောပြလာပေးခဲ့တာကို တွေ့ရပါတယ်။ဒေါင်းဝေက “သုဝနမီးပွိုင့်မှာ
မီးပွိုင့်မိနေတုန်းကားထဲလက်ကြီးဝင်လာပီး ဒက်ဘုတ်ပေါ်တင်ထားတဲ့ ဖုန်းကိုအတင်းဝင်လုတယ် လက်ကိုပိတ်ရိုက်ပီးကားတံခါးမှန်အမြန်တင်လိုက်တာတစ်ယောက်တည်းမှန်းလဲသိရော ဘေးတံခါးကို
အတင်းလိုက်ဆွဲဖွင့်တယ်၊လူနှစ်ယောက် ခါးကြားဓ.ားပါထိုးထားတာ မီးပွိုင့်လွှတ်တာမြန်လို့တော်သေးတယ် ဂရုစိုက်ကြပါ ကားမှန်တင်မောင်းကြပါ ရန်ကုန် ။” ဆိုပြီး သတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ဒေါင်းဝေကတော့ ရန်ကုန်မြို့လည်ခေါင်ကြီးမှာ
ဖုန်းလုခံရလုနီးပါးဖြစ်ခဲ့တဲ့ ကိုယ်တွေ့ဖြစ်ရပ်အကြောင်းကို အားလုံးလည်း သတိထားရအောင် ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒေါင်းဝေလိုအဖြစ်မျိုးနဲ့ မကြုံတွေ့စေဖို့ အစစအရာရာသတိထားကြပါနော်။ ခရက်ဒစ်
ZawGyi ဖြင့်ဖတ်ရန်
Leave a Reply
Your email address will not be published.