ဥက္ကဋ္ဌ ခန့်စည်သူကိုကြိုဆိုသည့်အနေဖြင့် အစည်းအရုံးဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ကြတဲ့ အနုပညာရှင်များ
မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဥက္ကဌအဖြစ် သရုပ်ဆောင်ခန့်စည်သူက တာဝန်ယူဆောက်ရွက်မယ့်အကြောင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးက ဒီကနေ့ ဇွန်လ (၄)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်..။
သရုပ်ဆောင်ခန့်စည်သူကို မြန်မာနိုင်ငံရဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီးတဲ့နောက်မှာတော့ အနုပညာရှင်အချို့ဟာ အစည်းအရုံးဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ကြတာ တွေ့ရပါတယ်..။
ပြီးခဲ့တဲ့လပိုင်းက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင် နှုတ်ထွက်ပြီးနောက် ဥက္ကဋ္ဌ နေရာမှာလစ်လပ်နေခဲ့တာဖြစ်ပြီး အဆိုပါ ဥက္ကဋ္ဌနေရာမှာ ခန့်စည်သူက တာဝန်ယူထမ်းဆောင်မှာ ဖြစ်ပါတယ်..။
ရုပ်ရှင်အစည်းအရုံးအနေနဲ့ ရွေးကောက်ပွဲတစ်ခုပြုလုပ်ပြီး သရုပ်ဆောင်ခန့်စည်သူကို အခုလိုခန့်အပ်လိုက်တာ ဖြစ်တယ်လို့ ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ထားပါတယ်..။
အဆိုပါသတင်းထုတ်ပြန်ပြီးတဲ့နောက်မှာ အနုပညာရှင်အချို့ဟာ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်အဖြစ်ကနေနှုတ်ထွက်ကြောင်း သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာ ကနေ ထုတ်ဖော်ပြောကြားလာပါတယ်။
သရုပ်ဆောင်တွေအပြင် ဒါရိုက်တာတွေနဲ့ အခြားသော အနုပညာရှင်တွေက အသီးသီးထွက်ခဲ့ကြတာ ဖြစ်ပါတယ်..။