၃နှစ် ၃လ ၃ရက် အဓိဌာန် ဝင်နေသည့် မိုင်းဖုန်းဆရာ တော် ဘုရားကြီး အဓိဌာန်အောင်၍ အပူဇော်ခံထွက်လာ

ရှမ်းပြည်နယ်၊မိုင်းဆတ်မြို့နယ်၊မိုင်းကျက်ဂူအတွင်း၌ ၃ နှစ်၊ ၃ လ၊ ၃ ရက် တိတိဂူတွင်းအဓိဌာန်ဝင်နေသည့်

မိုင်းဖုန်းဆရာတော်ကြီးသည် ဇူလိုင် ၃၁ ရက် (ယနေ့) တွင် အဓိဌာန်ပြည့်၍ ဂူအတွင်းမှထွက်လာမည်ဖြစ် သည်။

ဂူအတွင်းမှထွက်တော်မူလာမည့် မိုင်းဖုန်းဆရာတော်ကြီးအားဖူးမြှော်ရန် အနယ်နယ်အရပ်ရပ်မှလာရောက်သူများလည်း မိုင်းကျက်အောက်ဂူ၌ စောင့်ဆိုင်းလျက်ရှိကာ

မိုင်းဖုန်းဆရာတော်ကြီးအား မိုင်းကျက်အထက်ဂူမှတဆင့် ဆရာတော်၊သံဃာတော်များနှင့်တပည့်သာဝကများက ဝေါယာဉ်ဖြင့်ပင့်ဆောင်လာမည်ဖြစ်သည်။

မိုင်းဖုန်းဆရာတော်ကြီးသည် ဂူထွက်လာပြီးနောက် နမ့်ဟူးရေထွက်၌ ဆံတော်ချမည်ဖြစ်ပြီး မိုင်းကက်အောက်ဂူ၌ ၅ ရက်သီတင်းသုံး၍ အပူဇော်ခံသွားမည်ဖြစ်သည်။

(အောက်တွင် ဇော်ဂျီဖောင့် ဖြင့် ဆက်လက် ဖတ်ရှုပါ)







Leave a Reply

Your email address will not be published.