အစိုးရကိုမကျေနပ်ရင် ဆန္ဒပြတာကသဘာဝပဲ၊ ရိုးရိုးဆန္ဒပြတာလောက်ကို ပြောစရာမရှိဘူး၊ မအလပြော

အစိုးရကိုမကျေနပ်ရင် ဆန္ဒပြတာကသဘာဝပဲ၊ ရိုးရိုးဆန္ဒပြတာလောက်ကို ပြောစရာမရှိဘူး၊ မအလပြော

စစ်ကောင်စီက ဖမ်းဆီးအရေးယူမှုတွေ လုပ်နေတာ အရမ်းကြီးကြောက်သွားအောင် လုပ်နေတာမဟုတ်ဘူးလို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။ စစ်ကောင်စီက ထိန်းထိန်းသိမ်းသိမ်းလုပ်နေတာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ရန်ကုန်မှာ ဖမ်းဆီးခံနေရသူတွေကို အကူအညီပေးနေတဲ့ ရှေ့နေအဖွဲ့တခုကတော့ သူတို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ဖမ်းဆီးခံရသူကတင် ,၀၀၀ လောက် ရှိနေတယ်လို့ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခွာညိုက ပြောပြပါမယ်။

ဟောင်ကောင်အခြေစိုက် Phoenix ရုပ်သံနဲ့ မေလ ၂၂ ရက်နေ့က ဆက်သွယ် မေးမြန်းခန်းအတွင်း လက်ရှိမှာဖမ်းဆီးနှိမ်နင်းနေတာနဲ့ပတ်သက်တဲ့ မေးခွန်းကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖြေကြားခဲ့တာပါ။

ဒီမိုကရေစီမှာတော့ အစိုးရတရပ်ကို မကျေနပ်လို့ရှိရင် ဆန္ဒပြမှာတော့ ဒါသူ့သဘာဝပဲ၊ ရိုးရိုးဆန္ဒပြတာတော့ ကျနော် ဘာမှလည်း ပြောစရာအကြောင်းမရှိဘူး။ သို့သော် ဆူပူမှုဖြစ်လာအောင် အကြမ်းဖက်မှုတွေဖြစ်တာ လှုံ့ဆော်တဲ့ဟာကျတော့ ဒါရာဇဝတ်မှု ပြစ်မှုများလာတာ ပြစ်မှုကြီးကို ကျူးလွန်သွားတာ ဒါကျတော့ ကျနော်တို့က လိုအပ်တဲ့ အရေးယူမှုလုပ်ရမှာပေါ့၊ အဲ့တော့ ကျနော် အရေးယူမှုမှာ နှစ်ပိုင်းခွဲထားတယ် သာမန်လေး လှုံ့ဆော်မှုပြုထားလို့ရှိရင်လည်း ဝန်ထမ်းဆိုရင် သတိပေးတာလောက် သူတို့ ဒါတွေ ကျနော်လုပ်ပါတယ်။ ဒါမှမဟုတ်လို့ရှိရင်လည်းသာမန်ပြည်သူဆိုရင် ဆိုဆုံးမဖို့ပြုတယ် သူတို့ရဲ့ ပြစ်မှုကျူးလွန်တဲ့အပေါ်မူတည်ပြီးတော့ ဥပဒေအရ အရေးယူရတာရှိပါတယ်။ ဒါတော့ရှိမယ် တိုင်းပြည်ကို ထိန်းသိမ်းလို့မရအောင် ဟိုဥစ္စာ ဆူပူဆန္ဒပြမှုတွေ ဖြစ်လာအောင်လှုံ့ဆော်တဲ့ဟာကိုတော့ ကျနော်တို့ ဒီတိုင်းတော့ ခွင့်ပြုလို့မရဘူး အတိုင်းအတာတခုအထိ အရေးယူရမှာရှိတယ်သို့သော်လည်းပဲ တဘက်သက်တခါထဲကို ကြောက်သွားအောင် လုပ်တာမျိုးတော့ ကျနော်တို့မလုပ်ပါဘူး၊ထိန်းထိန်းသိမ်းသိမ်းလုပ်တယ်ဆိုတာ ကျနော်ပြောလိုပါတယ်။

ရန်ကုန်မြို့က ဖမ်းဆီးခံရသူတွေအတွက် အခမဲ့ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေများအဖွဲ့က ရှေ့နေတယောက်ကတော့ သူတို့ လိုက်ပါဆောင်ရွက်ပေးနေသူတွေကတင် လူ ,၀၀၀ လောက်ရှိတယ်လို့ပြောပါတယ်။

ဘယ်နှယောက် အဖမ်းခံရလဲဆိုတဲ့ စာရင်းအတိအကျတော့ ကျမတို့ဆီမှာတော့ မရှိဘူး သို့ပေမယ့် ဆရာမတို့ဆီမှာပေါ့နော် အမှုလာအပ်တဲ့သူ ဥပမာပေါ့ သူတို့ မိန်းမဆိုလည်း မိန်းမ၊ အမေဆိုလည်း အမေ၊ ချစ်သူကလည်း အမှုလာအပ်တယ် တချို့ဆိုရင် နယ်ကနေပြီးတော့ အလုပ်လာလုပ်တော့ ရန်ကုန်မှာ သူတို့ ဒီမှာ ချစ်သူတွေရှိမယ်သူငယ်ချင်းတွေရှိမယ် အဲ့လူတွေ အမှု လာအပ်တာတွေရှိတယ်၊ ဘာဖြစ်လဲဆိုတော့ နယ်ကတော့ သူက အမှုလာမအပ်နိုင်ဘူးလေးနော် ဆိုတော့ အဲ့လို အမှုတွေမှာကျတော့ အခုချိန်ထိ ဆရာမတို့ဆီမှာ လက်ထဲမှာ ရှိတာကတော့,၀၀၀၊ ,၀၀၀ ပတ်ဝန်းကျင်ရှိတယ်ပေါ့နော်။

ကူညီပေးနေတဲ့ ရှေ့နေအများစုဟာ ဖမ်းဆီးခံရသူတွေ ပြန်လွတ်မြောက်ရေးအတွက် အခက်အခဲတွေကြားကနေကူညီပေးနေကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမြောက်အများ အဖမ်းခံရတဲ့ ဆန္ဒပြသူတွေကို ပြန်လွှတ်ပေးတာမျိုး ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အဖမ်းခံရသူ အများစုက တပ်မတော်ကိုပြိုကွဲအောင်လှုံ့ဆော်မှု/လုပ်ဆောင်မှု ၅၀၅ (က) အပါအဝင် ပုဒ်မတပ် တရားစွဲခံရတယ်လို့ ကူညီနေတဲ့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

တော်တော်များက တရားစွဲခံရတာကိုတွေ့ရတယ်။ အများစုကတော့ ၅၀၅က နဲ့ အစွဲခံရတယ်၊ အနည်းအကျဉ်းကကျတော့ မူးရစ်မှုနဲ့လည်း တရားစွဲတာတွေရှိတယ်၊ ပြီးတော့ အများစုကတော့ အခုဆိုရင် လက်နက်မိတယ်ဆိုရင်လက်နက်ပေါ့နော် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉ နဲ့ ပေါ့နော်၊ ၁၉ ဆိုပေမယ့်လည်း လက်နက်အနည်းအများနဲ့ဖမ်းဆီးတဲ့အခါမှာ လက်ဝယ်တွေ့ရှိသလား သိုလှောင်ထားတာလား ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ပုဒ်မတော့ ကွဲတာပေ့ါနော်။

ဆန္ဒပြမှုကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ပါတယ်လို့ စစ်ကောင်စီဘက်ကပြောဆိုထားပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီ ရက်နေ့ နောက်ပိုင်းကစပြီး တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူတွေ၊ ဖမ်းဆီးခံထားရစဉ် ပြင်းထန်တဲ့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ သေဆုံးခဲ့သူတွေလည်း ရှိနေပါတယ်။

သေဆုံးသူတွေ ဖမ်းဆီးခံရသူတွေကို အတည်ပြုနိုင်သလောက် စာရင်းပြုစုထားတဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ စာရင်းအရ အခုအချိန်အထိ သေဆုံးသူ ၈၄၅ ယောက်ရှိပြီး ဖမ်းဆီးခံထားရသူ ,၅၀၀ ထက်မနည်းရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ AAPP ရဲ့ စာရင်းတွေက ချဲ့ကားထားတာဖြစ်တယ်လို့ Phoenix ရုပ်သံနဲ့

မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေ၊ သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှုတွေ ဆက်ပြီးရှိနေတာနဲ့အတူ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန်အပါအဝင် နိုင်ငံတကာက တောင်းဆိုနေကြပါတယ်။ အမေရိကန်နိုင်ငံသား Daniel Fenster နဲ့ ကိုနေသန်မောင်တို့ နှစ်ယောက်ကို ဆက်လက် ဖမ်းဆီးထားတဲ့အပေါ် စိုးရိမ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price က ဇွန် ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *