အခက်အခဲတွေကို ဝမ်းနည်းစွာ ပြောပြနေရင်း မျက်ရည်ကျခဲ့ရတဲ့ ထားထက်ထက်

အခက်အခဲတွေကို ဝမ်းနည်းစွာ ပြောပြနေရင်း မျက်ရည်ကျခဲ့ရတဲ့ ထားထက်ထက်

မော်ဒယ် သရုပ်ဆောင် ထားထက်ထက်ကတော့ မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သော အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အခုလို ပါဝင်ခဲ့တဲ့အတွက်လည်း ပုဒ်မ ၅၀၅(ကဖြင့် တရားစွဲဆို အရေးယူခံထားရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘေးကင်းရာသို့တိမ်းရှောင်ရင်း ပြည်သူတွေရဲ့ အန္တရာယ်တွေကို ရှေ့ဆုံးကနေ ကာကွယ်ရန် တတ်နိုင်သလောက် ကြိုးစားနေသူဖြစ်ပါတယ်။

လက်ရှိမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာတွင် တော်လှန်ရေးအတွက် စစ်သင်တန်း တက်ရောက် သင်ကြားနေတာ ဖြစ်ပါတယ်။ သူမရောက်ရှိနေသော နေရာတွင် စားနပ်ရိက္ခာလိုအပ်မှုများရှိနေတာကြောင့် တတ်နိုင်သမျှပါဝင်လှူဒါန်းပေးကြဖို့ကိုလည်း အမြဲတိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။ မနေ့က ဖြေထားတဲ့ အင်တာဗျူးတစ်ခုမှာလည်း သူမရဲ့ လက်ရှိ ခံစားချက်တွေကို ဝမ်းနည်းစွာဖြင့် ဖွင့်ဟ ပြောပြထားတာ ဖြစ်ပါတယ်။

သူမရဲ့ မိသားစုဝင်များနဲ့ သူငယ်ချင်းများအားလုံးကို သတိရနေပြီး သူတို့တွေ ဘေးကင်းစွာ နေကြဖို့ မျှော်လင့်ကြောင်းကိုလည်း ပြောထားတာ ဖြစ်ပါတယ်။ ထားထက်ထက်ကတော့ ဧပြီလကတည်းက တောထဲတွင် စစ်ပညာသင်ကြားနေတာ ဖြစ်ပြီး တတ်နိုင်တဲ့ဘက်ကနေ အာဏာရှင်ကို တိုက်ထုတ်ဖို့အတွက် လုပ်ဆောင်နေတာပါ။ ဖေဖော်ဝါရီလကတည်းကစတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း တစ်ဖက်မှ အင်အားသုံး ချေမှုန်းခဲ့တာ ဖြစ်တဲ့အတွက်  အပြစ်မဲ့တဲ့ လူပေါင်းများစွာ ကျဆုံးခဲ့ရလို့ ဝမ်းနည်းရပြီး နောက်ဆုံးမှာတော့ တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေသို့ သွားရောက်ဖို့ အခုလို ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။  ဒီရောက်ရှိနေစဉ်အတွင်း   နေ့စဉ် လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ပရိသတ်တွေသိရှိရအောင် ပြောပြထားပါသေးတယ်။ ထားထက်ထက်ရဲ့ မိသားစုဝင်များမှ သူမရဲ့ပါဝင်ဆောင်ရွက်မှုတွေကို Facebook မှ မြင်တွေ့ကာ ပြန်လာဖို့ ပြောသော်လည်း သူတို့နဲ့ အဆက်အသွယ် မလုပ်ဘဲနေခဲ့ကြောင်းကိုလည်း ပြောပြထားပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပြန်ဖြစ်သွားတဲ့အခါသူမလုပ်ချင်တဲ့ အရာလေးတွေကိုလည်း ပြောပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *