တရုတ်ကာကွယ်ရေးနှင့်နည်းပညာကုမ္ပဏီ၅၉ခုကိုအမေရိကန်ကရင်းနှီးမြှပ်နှံမှုတွေစတင်ပိတ်ပင်

တရုတ်ကာကွယ်ရေးနှင့်နည်းပညာကုမ္ပဏီ၅၉ခုကိုအမေရိကန်ကရင်းနှီးမြှပ်နှံမှုတွေစတင်ပိတ်ပင်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကာကွယ်ရေးနှင့်စောင့်ကြည့်နည်းပညာတွေနှင်ဆက်သွယ်မှုရှိတယ် လို့သံသယဝင်ခြင်းခံရတဲ့ တရုတ်ကုမ္ပဏီ၅၉ခုကို အမေရိကန်ရင်းနီးမြှပ်နှံမှုရယူခွင့်ပိတ်ပင်တဲ့ အမိန့်ကို ဒီကနေ့ထုတ်ပြန်လိုက်တယ်လို့ နစ်ကေးအေးရှားက သတင်းရေးသားလိုက်ပါတယ်

ယခုအမိန့်ဟာ တရုတ်နိုင်ငံရဲ့ စစ်ရေး၊ထောက်လှမ်းရေးနှင့်လုံခြုံရေးသုတေသနနှင့်
ဖွံဖြိုးရေးအအစီ အစဉ်တွေအပါအဝင်
စစ်ရေး-စက်မှုဆက်စပ်လုပ်ငန်းတွေကို
အမေရိကန်ရဲ့ရင်းနှီးမြှပ်နှံမှုတွေ
တားဆီးလိုက်တာဖြစ်တယ်လို့
ဘိုင်ဒင်က အမိန့်မှာပြောဆိုထားပါတယ်။

“တရုတ်ရဲ့စောင့်ကြည့်နည်းပညာကို
တရုတ်နိုင်ငံအပြင်ဘက်မှာသုံးနေတာ၊
တရုတ်စောင့်ကြည့်နည်း ပညာကိုသုံးပြီး ဖိနှိပ်တာ၊လူ့အခွင့်အရေးကိုအပြင်းအထန်ချိုးဖောက်တာတွေဟာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ
လွန်ကဲတဲ့ ခြိမ်ခြေက်မှုတွေဖြစ်ပေါ်စေပါတယ်” လို့ ဘိုင်ဒင်ကပြောပါတယ်။

အဲဒီအမိန့်ဟာ ဩဂုတ်လ(၂)ရက်နေ့
နံနက်၁၂နာရီ၁မိနစ်ကနေအကျိုးသက်ရောက်မှုရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

တားဆီးပိတ်ပင်ခံရတဲ့ ကုမ္ပဏီ၅၉ခုထဲမှာ
အာကာသသိပ္ပံ၊ မိုက်ခရိုအီလက်ထရွန်းနစ်၊
ဆက်သွယ်ရေး၊ အနုမြူစွမ်းအင်၊ဂြိုဟ်တုဆက်သွယ်ရေး၊သင်္ဘောတည်ဆောက်ရေး၊ဒီဂျစ်တယ်နည်းပညာစတာတွေနှင့်ပတ်သက်တဲ့ ကုမ္ပဏီတွေပါဝင်နေပြီး ဟွာဟေးနှင့်ချိုင်းနားမိုဘိုင်းလ်ကုမ္ပဏီစတဲ့ထင်ရှားတဲ့လုပ်ငန်းကြီး တွေ ပါဝင်နေပါတယ်။

Ref: Nikkei Asia: US releases list of 59 banned Chinese defense and tech companies

Leave a Reply

Your email address will not be published. Required fields are marked *